*no love part 7*

692 61 2
                                    

"ဘာလိုချင်လဲ baby"
"ဘာအတွက်လဲ ကျမရဲ့ခန္ဓာကိုယ်ကို ရယူပြီးလို့
အဲ့ဒီအတွက် ကျမလိုချင်တာမှန်သမျှ ရှင်က ပေးမယ် အဲ့လိုလား"
"တောင်းဆိုသင့်တယ်မဟုတ်လား"
"တောင်းဆိုသင့်တယ်..
ကျမရဲ့ခန္ဓာကိုယ်အတွက် ထိုက်တန်တဲ့ပြန်ပေးဆပ်မှုလား
အဲ့တာဆို ကျမက ခန္ဓာကိုယ်ကို ရောင်းစားနေတာနဲ့ ဘာထူးမှာလဲ
ရှင်က တခြားသူတွေနဲ့ အတူတူပဲ ကီယာ
ရှင့်ကိုတော့ ကွဲပြားမယ်လို့ထင်ထားခဲ့တာ
ကျမ မှားခဲ့တာပဲ
နောက်ပြီး ကျမပြောခဲ့တယ်မဟုတ်လား
ရှင့်ဆီက နောက်ထပ်တောင်းဆိုချင်တာ မရှိဘူးလို့ အခုလည်း မရှိဘူး နောက်လည်း ရှိလာမှာမဟုတ်ဘူး ရှင့်ဘာသာ president မကလို့
millionaire ဖြစ်ပါစေ ကျမ ရှင့်ဆီက ဘာမှမလိုချင်ဘူး ကီယာ"
"baby ကိုယ်ပြောတာကလေ..
ကိုယ် မင်းကို တခုခုပြန်ပေးချင်တယ်
လက်ဆောင်လိုမျိုးလေ အဲ့တာကို ဘယ်လိုရှင်းပြရမလဲ မင်းအတွက် တခုခုထိုက်တန်တယ်လေ"

ကျမ ရာ့လက်ကို ဆုပ်ကိုင်ဖို့ကြိုးစားတော့ သူမက ငြင်းဆန်တယ်

"ကျမရဲ့ခန္ဓာကိုယ်အတွက်ပေါ့"
"မဟုတ်ဘူး baby ကိုယ်ပြောချင်တာက
အဲ့တာကို မပြောတတ်ဘူး"
"မပြောတတ်ရင်လည်း ထားလိုက်တော့ ကီယာ
ကျမ ရှင့်ဆီက ဘာမှမကြားချင်တော့လို့
တောင်းဆိုစရာမရှိပေမယ့် ကျမတို့ရဲ့သဘောတူညီမှုမှာ တခုပါတယ်
ရှင်မှတ်မိတယ်မဟုတ်လား"
".."
"ရှင်မှတ်မိမယ်ဆိုတာ သိပေမယ့် နောက်ထပ်ပြန်ပြောပြမယ်
ကျမတို့ရဲ့အဆုံးသတ်ကို ကျမပဲ ဆုံးဖြတ်မယ်ဆိုတာ အခုက ကျမတို့ရဲ့အဆုံးသတ်ပဲ
ရှင်နဲ့ကျမကြားမှာ နောက်ထပ်ပတ်သက်စရာမရှိတော့ဘူး ကျမက ရှင့်ရဲ့ baby girl မဟုတ်တော့ဘူး ကျမတို့ကြားမှာ ဘာမှမရှိတော့ဘူး ကီယာ"

ရာက ကျမကို ကျောခိုင်းထွက်ခွာသွားတယ်
သူမရဲ့ခြေလှမ်းတွေက နှေးကွေးစွာ
ပြီးတော့ တ‌ရွေ့ရွေ့နဲ့ ကျမနဲ့ ဝေးရာဆီ
ကျမ ရာ့ကို တားချင်တယ်
ကျမအနားကနေ ဘယ်တော့မှ ထွက်မသွားဖို့
ကျမအနားမှာပဲ အမြဲရှိနေပေးဖို့
ဘယ်လိုအကြောင်းပြချက်နဲ့ ရာ့ကို တားရမလဲ
ကျမ မသိဘူး
ကျမမှာ တားခွင့်ရော ရှိရဲ့လားလည်း ကျမ မသိဘူး
ဘာလို့ ကျမ ဘာကိုမှ မသိရတာလဲ
တဖြေးဖြေးဝေးကွာသွားတဲ့ ကျောပြင်ငယ်ကိုကြည့်နေရတာ နာကျင်တယ်
ဘယ်နေရာက နာနေမှန်းမသိနိုင်ပဲ ရင်ဘတ်တခုလုံးက တင်းကြပ်လို့
စွတ်စိုတဲ့အထိအတွေ့ကြောင့် ကျမပါးပြင်ကို စမ်းကြည့်လိုက်တော့ အဆက်မပြတ်စီးကျနေတဲ့
ရေတွေကို တွေ့ရတယ်
ရေက ဘယ်လိုဖြစ်နိုင်မှာလဲ ကျမရဲ့မျက်ရည်တွေ‌ပေါ့ ကျမက ငိုနေမိတာလား
"အဲ့ဒီအချစ်က နင့်ဆီကို နာကျင်မှုတွေပါ ယူလာပေးလိမ့်မယ်"
အဲ့ဒီအချစ်က ရာလား
ကျမ ဖုန်းကို အမြန်ထုတ်ပြီး မေမွန့်ဆီကို ခေါ်လိုက်တယ်

*no love*(complete)Where stories live. Discover now