ဒီနေ့ ကီယာက မနက်ပိုင်းအစည်းအဝေးရှိတယ်ဆိုတာနဲ့ tea ဆိုင်ကို ရောက်မလာခဲ့ဘူး
မနက် 10 လောက်မှာတော့ သူမဆီက ဖုန်းခေါ်လာတယ်"အင်း..ကီယာ"
"ကိုယ့်ဆီ milk tea လာပို့ပေးနိုင်မလား ရာ"
"အင်း ကောင်မလေးတယောက်ကို ပို့ခိုင်းလိုက်မယ်"
"မဟုတ်ဘူး ရာကိုယ်တိုင်လာပို့ပေးပါ"
"ဘာလို့လဲ
ရာ့ကို လွမ်းလို့လား"
"ဘယ်လိုထင်လို့လဲ"
"မပြောတတ်ပါဘူး"
"လာခဲ့ပေးနော် ကိုယ်စောင့်နေမယ်"
"အင်း"ကျမတို့ရဲ့ သဘောတူညီမှုမှာ သူမတောင်းဆိုတာလိုက်လျောပေးဖို့ လက်ခံထားတယ်မဟုတ်လား
ချွင်းချက်နှစ်ခုကလွဲရင် no love, no sex
ကျမ ကီယာရဲ့ company ရှေ့ကို ရောက်တော့
အမျိုးသမီးငယ်တယောက်က လာကြိုတယ်"ရာ မဟုတ်လား"
"ဟုတ်ပါတယ်"
"ဒါဆို ကျမနောက်က လိုက်လာခဲ့ပေးပါ"
"အိုခေ"သူမက ဓာတ်လှေကားဆီကို ဦးတည်သွားတယ်
"president ဆီ မိန်းကလေးမလာဖူးဘူးမဟုတ်လား"
"သူက president ရဲ့ကောင်မလေးလား"
"မဖြစ်နိုင်ပါဘူး သူက တအားငယ်တယ်လေ
ညီမလေးနေမှာပါ
president က ဘယ်သူ့ကိုမှ ခေါ်မလာခဲ့ဖူးတာပဲ"
"ဒါပေမယ့် president မှာက အမပဲရှိတာလေ"
"သူ့ရဲ့ step-mother ကလေးလည်း ဖြစ်နိုင်တာပဲ
အမေကို သဘောမကျပေမယ့် သူတို့က ညီအမတွေလေ"
"စကားမပေါနဲ့တော့ ကိုယ့်အလုပ်ကိုယ်လုပ်ရအောင်"
"မမရော ဘယ်လိုထင်လဲ
သူ့ညီမလား သူ့ကောင်မလေးလား"
"သူ့ကောင်မလေး"
"ဘာလို့လဲ"
"မမေးနဲ့တော့"
"ဟုတ်"
"ဟုတ်"ဒါဆို ကီယာက ဘယ်ကောင်မလေးကိုမှ
သူ့ company မခေါ်ခဲ့ဖူးပဲ ကျမကိုမှ ဘာလို့လဲ
ကီယာရဲ့ရုံးခန်းက 5 ထပ်မြောက်မှာပါ"ရောက်လာပြီလား ရာ"
"အင်း"ကီယာ့ဘေးမှာ အမျိုးသမီးတယောက်လည်း
ရှိနေတယ်
သူ့သူငယ်ချင်းဖြစ်မယ်ထင်တယ်
ကျမဝင်လာတော့ အံ့ဩသလို ငေးကြည့်နေတယ်"ဒီမှာ ကီယာသောက်နေကျ milk tea
ပူနေတုန်းလေးသောက်လိုက်
နောက်ပြီး ရေညှိထမင်းလိပ်"
"အွန်..ကိုယ်စားချင်နေတာ ဘယ်လိုလုပ်ပြီး
သိလဲ ရာ"
"ဟိုနေ့က ကီယာပြောတယ်လေ အဲ့တာကြောင့် အရသာကတော့ မပြောတတ်ဘူး ရာကိုယ်တိုင် လုပ်ထားတာမို့ ကီယာများစားချင်မလားဆိုပြီး ယူလာပေးတာ မနက်စာမစားခဲ့ဘူးမဟုတ်လား"
"အဲ့တာကို မှတ်မိတယ်လား ရာ
ပြီးတော့ ကိုယ် မနက်စာမစားခဲ့တာလည်း ရိပ်မိတယ်လား"
"အင်း ရိပ်မိတာပေါ့ ရှင်က မနက်စာမှ သိပ်မစားတတ်တာ အဲ့တာမကောင်းဘူး ကီယာ
ဘယ်လိုဖြစ်ဖြစ် မနက်စာအတွက်က တခုခုစားမှဖြစ်မှာ တနေ့တာအတွက် မနက်စာက အရေးအကြီးဆုံးပဲ"
"ကိုယ့်ကို ခွံ့ကျွေး..အာ မဟုတ်ပါဘူး"
YOU ARE READING
*no love*(complete)