*no love part 10*

825 74 11
                                    

"ရာ အဘိုးရဲ့မွေးနေ့ဖိတ်စာတွေ သွားပို့ဖို့ ကီယာနဲ့ ဟိုဘက်မြို့ကို လိုက်သွားရမယ်"

ဟိုဘက်မြို့ဆိုပေမယ့် နှစ်နာရီလောက်သွားရတဲ့ခရီးနဲ့ ပင်လယ်ကမ်းခြေမှာ တည်ထားတဲ့မြို့ပါ

"ဘာလို့လဲ သူ့ဘာသာသွားပေါ့"
"ကီယာက အဲ့ဒီဘက်မရောက်တာကြာပြီ ရာ
နှစ်ချီနေပြီ လမ်းတွေလည်း မှတ်မိမှာမဟုတ်ဘူး"
"လမ်းပြဖို့များ အိမ်မှာ လူတွေအများကြီး
ရှိတယ်လေ တယောက်ယောက်ခေါ်သွားလို့ရတာပဲ ဘာလို့ ရာလဲ"
"ရာက အဘိုးရဲ့မိသားစုဝင်တွေကို ကီယာ့ထက် ပိုရင်းနှီးတယ်လေ
ပြီးတော့ ရာလိုက်သွားမှဖြစ်မှာ
ကီယာ့မှာက ပင်လယ်နဲ့ပတ်သက်တဲ့ trauma (စိတ်ဒဏ်ရာ)ရှိတယ်"
"ဟမ်.."
"ဟုတ်တယ် ရာ
ညီမလေးက ပင်လယ်ဆီကို မသွားတာ ငယ်ငယ်လေးကတည်းကပဲ
သူ အသက် 7 နှစ်လောက်မှာ မမတို့ ပင်လယ်ဆီခရီးထွက်ကြရင်း မုန်တိုင်းနဲ့မိလို့ မေမေ့ကို ဆုံးရှုံးလိုက်ရတာလေ အဲ့ဒီအချိန်ကတည်းက ကီယာက ပင်လယ်ဆီကို မသွားတော့ဘူး
ငယ်ငယ်ကဆို ပင်လယ်ကို တီဗွီကနေ မြင်ရရင်တောင် ညရောက်ရင် အိပ်မက်ဆိုးတွေ မက်လာတတ်တယ် အခုက အဲ့လောက်ထိ မဆိုးပေမယ့် သူ့အတွက် နာကျင်နေရတုန်းပဲ ရာ
မမအတွက်ပဲဖြစ်ဖြစ် ကီယာနဲ့ လိုက်သွားပေးပါလား"

မမမီယာကပါ ကျမကို တောင်းဆိုတယ်
ကျမ ကီယာ့ရဲ့ trauma ကို ကြုံခဲ့ဖူးတယ်
ကျမတို့နှစ်ယောက် အိပ်ခါနီး ဇာတ်ကားအတူကြည့်နေခဲ့တုန်းက
the sea beast ကာတွန်းကားကြည့်နေတာဆိုပေမယ့် ပင်လယ်ကိုမြင်လိုက်တိုင်း ကီယာ့ခန္ဓာကိုယ်က လှုပ်ရှားလာတယ်
ဒါကြောင့် ကျမ သူမလက်တွေကို ဆုပ်ကိုင်လိုက်တော့ ကီယာ့လက်ဖဝါးတွေမှာ ချွေးတွေပြန်နေတယ် အဆင်ပြေလားဆိုပြီး ကျမမေးတော့လည်း အင်းဆိုပြီး ကျမလက်တွေကို ခပ်တင်းတင်းပြန်ဆုပ်ထားတယ်
ခဏကြာတော့ ငြိမ်သက်သွားပြီး ကျမပခုံးပေါ်မှာ အိပ်ပျော်သွားတယ်
အဲ့ဒီညက ကီယာ အိပ်မက်ဆိုးမက်လား သတိမထားပေမယ့် ကျမရင်ခွင်ထဲ ပိုတိုးဝင်ခဲ့တာကိုတော့ မှတ်မိတယ်

"မမအတွက်ရော ဒေါ်လေးအတွက်ပါ လိုက်သွားပေးပါလား ရာ
‌အခုမှ ဒေါ်လေးနဲ့ကီယာပြေလည်သွားပြီး ဒေါ်လေးလည်း တအားပျော်နေတာ
ကီယာ့ကို ထိခိုက်စေချင်မှာမဟုတ်ဘူး
ရာရော ကီယာ့ကို မချစ်ဘူးလား"
"အဲ့တာက.."

*no love*(complete)Where stories live. Discover now