*no love part 3*

811 81 2
                                    

"မိန်းကလေးတယောက်ကို turned on ဖြစ်စေချင်ရင် ကိုယ့်အပေါ်ကို တိမ်းညွတ်လာစေချင်ရင် red wine အနီရောင်ဝိုင် ရွေးချယ်ရတယ်တဲ့
ကီယာ"
"ဟမ်.."
"ဟုတ်တယ် အဲ့တာကြောင့် date လုပ်တဲ့အခါ
red wine ကို ရွေးချယ်ကြတာဖြစ်မယ် hahaha
သိပ္ပံနည်းကျပြောပြရရင် red wine မှာပါတဲ့ ethanol က ဦးနှောက်ရဲ့ညာဘက်အပေါ်နားလေးမှာရှိတဲ့ hypothalamus ကိုသွားပြီး လှုံ့ဆော်တယ်
hypothalamus က ဘယ်လိုလုပ်ဆောင်မှုတွေကို ထိန်းချုပ်လဲဆိုတော့
ခန္ဓာကိုယ်အပူချိန် ဆာလောင်မှု ဟော်မုန်းတွေ
ပြီးတော့ sex drive အလိုဆန္ဒတွေ
မှတ်ထားရမှာက red wine ကို အများကြီးမလိုဘူး နည်းနည်းလေးပဲ လိုတာ ပျမ်းမျှလောက်ပဲ
ဘာလို့ဆို ဝိုင်အများကြီးသောက်ရင် ခန္ဓာကိုယ်အတွက် မကောင်းဘူး
နောက်ပြီး ရှိသေးတယ်
မိန်းကလေးတွေကို aroused ရမ္မက်ဆန္ဒပြင်းပြလာစေတဲ့ရနံ့တွေက
ကတိုးရနံ့ မြေသင်းရနံ့ သစ်တောရနံ့ နွယ်ချိုနဲ့
ချယ်ရီလိုရနံ့တွေတဲ့"
"ဟုတ်လား"

ကီယာက စိတ်ဝင်တစားနဲ့ ကျမဆက်ပြောလာမယ့်အကြောင်းအရာတွေကို မျှော်လင့်နေသလိုမျိုး
သူမရဲ့မျက်ဝန်းတွေက တောက်ပနေတယ်

"red wine က ဘာလို့ aphrodisiac(ရမ္မက်ဆန္ဒကို အားကောင်းလာစေတယ်)ဖြစ်ရလဲဆိုတဲ့
ထူးဆန်းတဲ့အကြောင်းပြချက်တွေ ရှိသေးတယ်"
"ပြောပြပါဦး"

ကျမ သူမပုံစံကိုကြည့်ပြီး စမယ်လုပ်လိုက်ပြီးမှ
ကျမကိုယ်ကျမ ပြန်ထိန်းလိုက်တယ်
မဟုတ်ရင် ရှေ့ဆက်ပြောမယ့်အကြောင်းအရာဆီ မရောက်တော့ပဲ တခြားဖက်ကို ဦးတည်သွားမှာ စိုးတာကြောင့်

"red wine မှာ amines တွေ ပါတယ်လေ
Merlot, Cabernet Sauvignon, Cabernet Franc တွေကို လေ့လာကြည့်တဲ့အခါ
သဘာဝတစေးတွေနဲ့ ထုတ်ထားကာ ဝက်သစ်ချအသားစည်တွေနဲ့ ထည့်ထားပြီး သက်တမ်းရင့်အောင်လုပ်ထားတာက amines တွေကို ပိုများလာစေတယ်
red wine မှာပါတဲ့ amines တချို့ကို ပြောရရင်
histamine, tyramine, spermidine, putrescine နဲ့ serotonin တွေ
histamine က sex drive အလိုဆန္ဒ, alertness တက်ကြွလန်းဆန်းမှုနဲ့ weight loss ကိုယ်အလေးချိန်ကျစေတာ
စတာတွေကို အားပေးတယ်
အဲ့လိုကောင်းကျိုးတော့ရှိပေမယ့် histamine က
ရောင်ရမ်းတာနဲ့ သွေးတိုးတာကို ဖြစ်စေတတ်တယ် ဒါက သတိထားသင့်တာပေါ့"

*no love*(complete)Where stories live. Discover now