*no love part 9*

706 69 0
                                    

"ကီယာ..ထမင်းစားလေ ငေးမနေနဲ့"
"ဟမ်..amm"

ကီယာက လက်ထဲမှာဇွန်းကို ကိုင်ထားပြီး
ကျမကို ငေးကြည့်နေတာလေ

"fool.."
"ဘာပြောလိုက်တာလဲ ရာ"
"မပြောပါဘူး"

မမတို့က ကျမကို ကြည့်ပြီး ရယ်နေတယ်

"ကီယာ.."
"ဟုတ်ကဲ့ အဘိုး"
"ပြီးရင် တချိန်လုံး ရာ့အနားမှာနေလို့ရတယ်လေ"
"အဘိုးကလည်း.."

မရပါဘူး..ဘယ်သူက နေခွင့်ပေးမှာလဲ
ကီယာက ကျမကိုကြည့်ပြီး ပြုံးနေတာမို့ မျက်ခုံးတွေကို တွန့်ချိုးလိုက်တယ်
အဲ့ဒီအခါ သူမက ပိုပြီး ပြုံးလာတယ်
ရယ်တောင် ရယ်နေခဲ့တာလေ
အမြင်ကတ်ဖို့ကောင်းလိုက်တာ..

ထမင်းစားပြီးတော့ ရာ့နောက်ကို လိုက်သွားမလို့ပြင်နေတုန်း

"ကီယာ သမီး အချိန်ခဏလောက်ရမလား
ဖေဖေပြောစရာရှိလို့"
"ဟုတ်ကဲ့"
"အခုချိန်ထိ ဝေ့အပေါ် မကြည်ဖြူနိုင်သေးဘူးလား ကီယာ"
".."
"သမီးမေမေမသွားခင်မှာ ဝေနဲ့ ဖေ‌ဖေ့ကို လက်ထပ်ဖို့ မှာခဲ့တာ
ဝေက သမီးကို သေချာစောင့်ရှောက်ပေးမှာတဲ့လေ အဲ့တာကြောင့် ဖေဖေ ဝေ့ကို လက်ထပ်ခဲ့တာ သမီးတို့အတွက်"
"ဟုတ်"
"သမီးသိလား ဖေဖေတို့ လက်ထပ်ပြီးတော့
ဝေ့ကို ကလေးယူဖို့ တိုက်တွန်းခဲ့ဖူးတယ်
ဒါပေမယ့် ဝေက ငြင်းတယ် သမီး
ဒီထက်ပိုပြီး သမီးတို့ကို နာကျင်စေမှာစိုးလို့
သူနောက်ထပ်ကလေးမယူနိုင်ဘူးတဲ့
ကီယာ့တို့ကို ပိုချစ်ပေးမယ်တဲ့လေ"
"ဒါပေမယ့် ဖေဖေ ကီယာက.."
"သူ အမြဲ ခွင့်လွှတ်ခဲ့ပါတယ်
သမီးဆီကို အမြဲပို့နေတဲ့ စားစရာတွေ သမီးကြိုက်တဲ့ လိုအပ်မယ်ထင်တဲ့အရာတွေကို ဘယ်သူပို့တယ်ထင်လဲ"
"ဖေဖေတို့လား"
"မဟုတ်ဘူး သမီး ဝေပဲ ပို့ပေးခဲ့တာ
သမီးကို အနီးကပ်ဂရုမစိုက်နိုင်ရင်တောင် အခုလိုမျိုး ဂရုစိုက်ပေးမယ်ဆိုပြီး
သမီးအကြောင်းကို ကြားရင် သူ့မှာ ပျော်နေတတ်ခဲ့တာ"
"ကီယာ တောင်းပန်ပါတယ် အဲ့တာတွေကို မသိပဲ.."
"သမီး ဝေ့ကို စကားပြောလိုက်ပါ
အဲ့တာက သူအလိုချင်ဆုံးအရာပဲ"
"ဟုတ်ကဲ့"

ကျမတို့ စကားပြောနေတုန်းမှာ ဝေက ဝင်လာတယ်
ကျမကိုတွေ့တော့ နောက်ပြန်လှည့်မယ်လုပ်တာနဲ့
ကျမ သူမကို လှမ်းခေါ်လိုက်တယ်

*no love*(complete)Where stories live. Discover now