"ရာက နင်တို့အိမ်မှာဆိုတော့ အဆင်ပြေနေပြီပေါ့"
"မပြေသေးဘူး.."
"ဘာလို့လဲ"
"အဘိုးတို့စီစဉ်ပေးထားတဲ့ လက်ထပ်ပွဲကိစ္စလေမှတ်မိလား"
"အာ..နင် ငြင်းလိုက်တယ်လေ
ကောင်မလေးရဲ့ file ကိုတောင် မကြည့်ပဲနဲ့"
"ဟုတ်တယ် ငါ လက်ထပ်ဖို့ငြင်းလိုက်တဲ့ကောင်မလေးက တခြားသူမဟုတ်ပဲ ရာဖြစ်နေတယ် ဘယ်လိုတောင်တိုက်ဆိုင်လွန်းတဲ့ ကံတရားလဲ"
"နင်တော့ မျှော်လင့်ချက်မဲ့ပြီပဲ"
"အဲ့လိုမဟုတ်ပါဘူး ရာက ငါ့အနားမှာ အမြဲတမ်းအတွက် နေပေးမယ်ကတိပေးထားတယ် ဒါပေမယ့်.."
"ဒါပေမယ့် နင်မှ သူ့ကို မပိုင်သေးတာ"
"ဟုတ်တယ် ရာက တရားဝင် relationship တခုကို မတည်ဆောက်ချင်သေးဘူးတဲ့"
"ဒါဆို နင်က ရာ့ရဲ့ fake girlfriend ပေါ့"
"အဲ့လိုမဟုတ်ပါဘူး ရာက ငါ့ကို ချစ်တယ်"
"ဒါပေမယ့် နင်မှမပိုင်သေးတာ"
"ကီယာ လိမ္မော်သီးသွားခူးမယ်ဆို"ရာက အိမ်အောက်ထပ်ကနေ လှမ်းအော်တယ်
ကျမတို့နှစ်ယောက် လိမ္မော်ခြံသွားမယ်ပြောထားတာပါ"ရာ့အသံလား"
"အင်း..အခုဆင်းခဲ့ပြီ baby"
"wife phobia..
မရခင်ကတည်းက ကြောက်နေပါလား ကီယာ"
"ချစ်တာပါ ချစ်တာ
ရာ့ဆန္ဒတွေကို အကုန်ဖြည့်ဆည်းပေးချင်လို့
ပြီးတော့ ယောက်ျားဖြစ်တဲ့သူက မိန်းမကြောက်ရတယ်တဲ့"
"နင်ပဲ အစားခံရမှာမြင်ယောင်နေတယ်
1 ဟန်ဆောင်မနေနဲ့ နင်က 0 ပဲဖြစ်မှာ"
"ကိုယ်ချစ်တဲ့သူအတွက် ပေးဆပ်တာပဲ
အဲ့တာက နစ်နာတယ်ရှိလို့လား"
"ဟုတ်ပါပြီ ရာ့ကို ပြောလိုက်ပါဦး ငါက သတိရတယ်လို့"
"ရာက ငါ့ကောင်မလေးနော်"
"နင့်ကောင်မလေးလည်း ဘယ်သူမှမလုပါဘူး
သွားတော့လေ ရာစိတ်ကောက်သွားလို့ ချော့နေရဦးမယ်"
"အင်း ရာစိတ်ကောက်သွားရင် ချော့ရမခက်ပေမယ့် သူစိတ်ရှုပ်သွားရင် ငါ့ကို ပစ်ထားတော့မှာ
ဘိုင့်ဘိုင် အပြန်ကျမှ တွေ့မယ်"
"ငါတော့ ရာ့ကို ပိုတွေ့ချင်တယ်"
"နင်.."
"တလွဲမတွေးပါနဲ့ သူ့ရဲ့ milk tea ကို လွမ်းနေတာပါ"
"အိုခေ"ကျမ ရာ့အနားကိုရောက်တော့ ရာက ပလိုင်းလေးတလုံးကို ပေးတယ်
"ကိုယ် ခုဏက မေမွန်နဲ့ ဖုန်းပြောနေတာ"
ရာက ကျမကိုကြည့်ပြီး ရယ်တယ်
"ဘာလို့လဲ"
"အဲ့လောက်ထိ ရာ့ကို မပြောလည်း ရတယ်လေ
အဲ့တာက ကီယာ့ရဲ့ privacy လေ
ကီယာ့ရဲ့လွတ်လပ်ခွင့်"
"ဒါပေမယ့် ကိုယ်က ပြောချင်တာလေ
ပြီးတော့ ရာနဲ့ပတ်သက်သမျှအကုန်လုံးကို သိချင်တယ် အဲ့တာက..ရာ့ကိစ္စတွေ ဝင်စွက်ဖက်ချင်တာမဟုတ်ပါဘူး ဒီအတိုင်း ရာ့အကြောင်းကို ပိုသိချင်လို့"
"နောက်ဆိုသိရမှာပဲ ကီယာ"
"ဒါဆို baby ကိုယ့်ကို လက်ခံလိုက်ပြီလား"
"အခုမဟုတ်သေးဘူး ကီယာ
ရာ ရှင့်ကို မကျေနပ်သေးဘူး"
"ကိုယ်ပြောပြီးလေ baby
အဲ့ဒီလက်ထပ်ပွဲက ရာနဲ့ဆိုတာ မသိခဲ့ဘူး
တကယ်မသိခဲ့တာ"
"သိခဲ့ရင်လည်း ငြင်းမှာပဲမဟုတ်လား ကီယာ"
"မငြင်းပါဘူး အဲ့ဒီအချိန်တုန်းက ကိုယ် baby အနားကို တိုးလာနေခဲ့ပြီလေ"
"ဘယ်လို.."
"baby က ကိုယ့်ကို အရင်သတိထားမိတယ်ထင်နေတာမဟုတ်လား တကယ်တော့ မဟုတ်ဘူး
မနှစ်က ပထမဆုံးနှင်းကျတဲ့ရက်ကို မှတ်မိလား"
"အင်း အဲ့ဒီအချိန်တုန်းက ကီယာရှိနေခဲ့တာလား"
"အင်း chaga tea ရနံ့ကြောင့် ဆိုင်ထဲဝင်လာပြီး
ရာ့ကို သတိထားမိသွားခဲ့တာ
အဲ့ဒီနောက်ပိုင်း ရာ့ဆိုင်ကို ကိုယ်အမြဲလာခဲ့ပါတယ်"
"အာ..မိုးပြောပြောနေတဲ့ တယောက်လား
milk tea ပဲ အမြဲမှာပြီး ထောင့်က စားပွဲလေးမှာ
ထိုင်နေတတ်တယ်ဆိုတာ"
"သေချာတာပေါ့
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက baby ကိုယ့်ကို သတိမထားမိခဲ့ဘူးမဟုတ်လား"
"အင်း"
"ဘယ်အချိန်မှာ သတိထားမိသွားတာလဲ"
YOU ARE READING
*no love*(complete)