အပိုင်း (၂)

7.9K 200 3
                                    

ဝါးးး. .. ဝါးးးး.. .. ကလေးငိုသံ စူးစူးဝါးဝါးကြားလိုက်မိပြီး ကျွန်တော် အိပ်ရာမှ လန့်နိူးလာပါတယ်။ 


ကျွန်တော့်တူမအငယ် လုံးလုံးရဲ့ ငိုသံပါ၊ 

ဧည့်ခန်းထဲမှာ ကျွန်တော့်ယောက်ဖနဲ့ တူမ အကြီးရဲ့ အသံကိုလည်း ကြားနေရတယ်။ ထုံးစံအတိုင်း ညီအမ နှစ်ယောက် ဆော့ရင်း ရန်ဖြစ်ကြတာနေမယ်။ သူတို့အဖေ(ကျွန်တော့်ယောက်ဖ) က အလယ်ကနေ ဖျန်ဖြေပေးနေရတာပေါ့။

'ဟဲ့အကြီးမ . .တော်တော့. .။ ဟိုအငယ်လေး နင်ကလည်း သူ့ဟာ ပြန်ပေးလိုက်. .'


"ဝါး. . . ဝါး း. ." (အငယ်မလေး ငိုသံက ဆက်ကြားနေရစဲ)


'ငါပြောနေတယ် အခုပြန်ပေးလိုက်ဆို'

ကျွန်တော့်နားတွေကို ခေါင်းအုံးနဲ့ဖိပြီး ဆက်အိပ်ဖို့ ကြိုးစားမိသည်။ တကယ်တော့ပြန် အိပ်မပျော်တော့ပါဘူး။

အားလား. . . နားငြီးလိုက်တာ၊ အဲ့ဒါကြောင့် မိန်းမယူရမှာ ကြောက်တာ။


နာရီကြည့်ရန် ဖုန်းကို လှမ်းကိုင်လိုက်တော့ အချိန်က မနက် ၇ နာရီ ၄၀ ရှိပြီ။ 


အဲ. . ယုဆီက message ဝင်ထားတာပဲ။ ည ၁ နာရီကျော်ကြီး ပို့ထားတာ. . .

အိပ်ချင်မူးတူးမျက်နှာကို လက်နှင့်ပွတ်ရင်း ကျော်စွာ တစ်ယောက် မနေ့ညကအကြောင်းကို ပြန်စဉ်းစားမိသည်။


မနေ့က ကျွန်တော် အိမ်ပြန်ရောက်တော့ ည ၉ နာရီခွဲနေပြီ၊ ရေမိုးချိုးပြီး အိပ်ယာပေါ်မှာ ဖုန်းလေး ပွတ်နေမိတယ်။ 

ယုကိုကြည့်လိုက်တော့ လိုင်းပေါ်မှာ ရှိတယ်။ 

အရင်ကဆို ကျွန်တော် ပြန်ရောက်ချိန်ဆို ယုကဖုန်းခေါ်နေကျ။ အခု ညနေကကိစ္စကြောင့် ကျွန်တော့်ကို ဖုန်းမဆက်လာတော့တာနေမယ်။ 

ကျွန်တော်ကို သူဘယ်လောက်ကြာကြာ ဆန္ဒပြနိုင်မလဲ သိချင်တာနဲ့ ယုကို ဘာ message မှ မပို့ပဲ ကိုယ့်ဘာကိုယ် ဂိမ်းဆော့ရင်း ဖုန်းသုံးလိုက်တာ ၁၁ နာရီခွဲသွားတယ်၊ 

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now