အပိုင်း (၂၀)

5K 146 3
                                    

ဒီနေ့က ယုနဲ့ ကိုရဲ့ ၈နှစ်မြောက် နှစ်ပတ်လည်နေ့. .


ဟိုတယ်က Front office မှာ ယုတစ်ယောက်ထဲ အလုပ်လုပ်နေရင်းနဲ့ တွေးနေမိတယ်။


ယုက ကိုနဲ့ တကယ်ပြတ်သွားပြီ ဆိုတာကို လက်မခံနိုင်သေးဘူး။ 

ဒါပေမယ့်. .ကို ဘန်ကောက် ရောက်နေတယ် ယုဆီကို စာလေးတစ်စောင်တောင် မလာခဲ့ဘူး။

ငါပဲ လျှာရှည်ပြီး ပြတ်မယ့်စကား စပြောမိလိုက်တာ မှားသွားပြီလား။ 


ကိုက စာလည်းမပို့ ဖုန်းလည်း မဆက်၊ ဟိုနေ့က ပြတ်ပြီလို့ ပြောလိုက်တာတောင် ပြန်အဖတ်မလုပ်ဘူး။

ဒီရက်ပိုင်းတွေမှာ ယု ကိုယ့်ဘာကိုယ်နေနိုင်အောင် မနည်းကြိုးစားနေရတယ်။ 

ကိုပြန်လာရင်တော့ ယုကို ပြန်ဆက်သွယ်နိုင်ကောင်းပါရဲ့ ဆိုတဲ့ စိတ်နဲ့လည်း အားတင်းပြီးနေနေခဲ့တယ်။

ယု အားရပါးရ ငိုပြီးပြီ. .။ 


ငိုပြီးတိုင်းလည်း ကို့ကို ချစ်တဲ့ အချစ်တွေ မျက်ရည်တွေနဲ့ အတူ ပါသွားသလား မသိဘူး၊ ရင်ထဲပေါ့သွားတယ်။

မနက် ဂျုတီထွက်ထွက်ခြင်းလို့ အိမ်ပြန်ဖို့ပြင်နေရင်းနဲ့. . ယု ဖုန်းကို ပြန်စစ်မိသည်။ 


ကို များ ယုကို ခေါ်ထားသေးလားပေါ့. .

ဟင်. . မနက် ၅ နာရီခွဲလောက်ကြီး ဦးငယ်ဆီက ဖုန်း ၂ ခါတောင် ခေါ်သွားတယ်။ 

ဘာများ ဖြစ်လို့ပါလိမ့်. .။ 

ယုကပဲ ဦးငယ်ကို စစပြီး ဖုန်းဆက်ခဲ့တာ. .။ ဒါပေမယ့် နောက်ပိုင်း လိုင်းပေါ်မှာတော့ တွေ့ကြရင် သူ့ဘက်ကလည်း စာစပို့ခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုလိုကြီးတော့ ဖုန်းနဲ့ တကူးတက ဆက်မလာဖူးဘူး.

ဦးငယ်ဆီကို ဖုန်းပြန်ခေါ်လိုက်မိသည်။


"ဟယ်လို ဦးငယ်. ."


'ဟယ်လို ယုလား. . ' . . ဦးငယ်က အသံမကောင်းပေ

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Donde viven las historias. Descúbrelo ahora