အပိုင်း (၂၃)

5.5K 143 0
                                    

"ဟုတ်တယ် . . ဖွားဖွားကြီးဆို စိတ်ဆင်းရဲရတာလေ. .။ ပြီးတော့လေ. . မကောင်းတဲ့မိန်းမတွေကို အိမ်ခေါ်လာပြတာ၊ ဖွားဖွားကြီး နှလုံးရောဂါ ဆိုးလာတာ သူ့ကြောင့်ပဲ။"


'ဟယ် . . .'

"မဟယ်နဲ့. . သူ့ဘာသူ ရိုးရိုးတန်းတန်း ကြက်မတွေ ငှားချင်ရင် အပြင်မှာ တိတ်တိတ်ဆိတ်ဆိတ် လုပ်ပါလား။

ဘယ့်နှယ့် ဖွားဖွားကြီးက သဘောတူတဲ့မိန်းကလေးနဲ့ နှစ်ဖက်မိဘတွေ ပြောမယ်ဆိုမယ် ဆိုတဲ့ နေ့ကြမှ အိမ်ပေါ်အထိ ခေါ်ချလာတာ"


မနှင်းက အာပေါင်အာရင်းသန်သန်နှင့် ပြောနေတာကို ကြည့်ပြီး ယု အရမ်းရယ်ချင်လာမိသည်။ မျက်လုံးထဲမှာလည်း ဦးငယ် ဂေါ်လီလုပ်ခဲ့တဲ့ အကွက်တွေကို မြင်ယောင်လာရင်းနဲ့ပေ့ါ. .


"အဲ့ဒါနဲ့ ဖွားဖွားကြီးက မျက်နှာတွေပျက်ရတာပေါ့. .။ နောက်ကို အဲလို မိဘချင်း ဆုံပြီး သူ့ကို မချိန်းပေးရဲတော့လို့ . . .။

သားရေ. .

ဘယ်အိမ်က ဘယ်သူ့သမီးလေးကိုပေါ့ . . ဈေးချိုသွားစရာ ရှိလို့ လိုက်ပို့ပေး လိုက်ပါအုံးပေါ့. .ဆိုပြီး

လူငယ်ချင်းနီးစပ်အောင် အရင်ကြောင်းပေး ကြည့်ပြန်တော့လည်း အဲ့ဒီ့ ကောင်မလေးဆီ သွားတာကို လမ်းမှာ အပျက်မတစ်ကောင် ကားပေါ်ပါလာတယ်။. .


အဲ့မှာလေ သမီးရှင်ဘက်က ဖွားဖွားကြီးကို ဖုန်းဆက် ဆဲတော့တာ. . "


ယု မျက်လုံးလေး အဝိုင်းသားနဲ့ နားထောင်နေသည်။


"အဲ့ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ ဦးငယ်က အစုံလုပ်တာနော်. . မန်းလေးမှာ ရှိသမျှ ဘား ကလပ် မှန်သမျှ သူမရောက်ဖူးတာ မရှိသလောက်ပဲ. . ။ ဆေးတွေဘာတွေတောင် ချဖူးလောက်တယ်. ."


'သြော်. . ဦးငယ် ငယ်ငယ်က တော်တော်ဆိုးခဲ့တာပဲနော် ကြီးလာမှ လိမ္မာသွားတာ နေမယ်'


"အမလေး အဲ့တာတောင် လိမ္မာချင်လို့ လိမ္မာသွားတာ မဟုတ်ဘူး. .။ 

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now