အပိုင်း (၅)

5.9K 166 0
                                    

မနှင်းရော ယုရော နှစ်ယောက်လုံး ထိုသူဆီသို့ ပြိုင်တူ ကြည့်လိုက်မိသည်။ 


အရပ်ရှည်ရှည် လူကောင်ထွားထွားနှင့် အသား နည်းနည်းညိုပြီး အတော်အတန် ကြည့်လို့ကောင်းတဲ့ ဥပဒိရုပ်မျိုးပါ။ 

ထိုသူက မနှင်းကို ခပ်အေးအေးလေး ကြည့်ရင်း

'ငါ ပြန်တော့မလို့ လာနူတ်ဆက်တာ၊ မင်းတို့ ဒီမှာ အေးဆေးဆက်စကားပြောနေခဲ့ကြ ငါTaxi နဲ့ပြန်မယ်။ ရော့ဒီမှာ ကားသော့ထားခဲ့တယ်'


စကားပြောပုံက လူကြီးဆန်ပေမယ့် ဝတ်တာစားတာတော့ ခေတ်လူငယ်စတိုင်ပဲ ရှပ်အကျီၤနဲ့ Denim ဂျင်း ဝတ်ထားပါတယ်။


ထိုသူက စားပွဲပေါ်ကို ကားသော့လေး လာချရင်း ယုဘက်ကိုလည်း အပြုံးရိပ်ကလေး သန်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ 

သူ၏ အကြည့်မှာ လူမူရေးအရ နူတ်ဆက်ရုံမှလွဲ၍ အခြားမည်သည့် အရောင်မှ မပါလာ. . ။ 

မနှင်းက

"သြော် ဦးငယ်. . . ဆံပင်ညှပ်တာ အခုမှ ပြီးတာလား။ ဒီတစ်ခေါက်ကြာသလိုပဲနော် . . "


'ဟုတ်တယ် အရှေ့မှာ နည်းနည်းစောင့်လိုက်ရတယ်'


(သြော်. . ဒါ မနှင်းဦးလေးပေါ့။ ဦးလေးလို့သာ ပြောတယ် အရမ်းအသက်မကြီးသေးပါဘူး။ တက္ကစီနဲ့ ပြန်ရမယ်ဆိုတော့ အားနာစရာကြီး. .။)


ယုလည်း ဘေးကနေ မနေနိုင်ဘဲ ဝင်ပြောမိသည်။


'မဟုတ်တာ. . . အားနာစရာကြီး။ ညီမတို့က ဒီမှာ ပြောလို့ဆိုလို့ ပြီးနေပြီ။ မနှင်းတို့ တစ်ခါထဲ ပြန်ကြပါ. . ။ ယုလည်း ပြန်တော့မယ်လေ'


ပြောရင်းဆိုရင်း ယုလည်း စားပွဲပေါ်မှာ ချထားသော မိတ်ကပ်ဘူးကို ကောက်သိမ်းပြီး ပိုက်ဆံအိတ်နှင့် ဝယ်ထားတဲ့ ပစ္စည်းအိတ်တွေကို ဆွဲယူလိုက်သည်။ 


ယုက မတ်တပ်ထမယ် အလုပ် မနှင်းက ယုကိုလှမ်းတားသည်။

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Donde viven las historias. Descúbrelo ahora