သေစမ်း. . . အပြင်မှာ ကျော်စွာ ရောက်နေပြီ. . ။ ယုဘယ်လိုလုပ်ရမလဲ။
မဖွင့်လို့လဲ မဖြစ်ဘူး၊ ဘေးအိမ်တွေက အရမ်းစပ်စုတာ. . ။
ကျော်စွာ အဲလို အသံကျယ်ကြီးနဲ့ တံခါးတွေခေါက်နေတာ ကြာရင် ထွက်ကြည့်ကြတော့မှာလေ. .
ဦးငယ်က ထိုင်နေရာမှ ယုကို မော့ကြည့်လိုက်သည်။ ဘာလုပ်မှာလဲ ဆိုတဲ့အကြည့်နဲ့ပေါ့. .
ယု ဦးငယ်ကို လက်ကာပြပြီး . . .
'ခဏလေးနော် ဦးငယ်. . ၊ ယုပြန်လာခဲ့မယ်'
ယုလည်း ထမင်းစားခန်းမှ ထွက်ပြီး အိမ်ရှေ့တံခါးဆီသို့ ပြေးသွားလိုက်သည်။ ယုလည်း သူနဲ့ ပြန်မတွေ့ချင်ပါဘူး။ ပြန်တွေ့ပြီး ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ယုရင်မဆိုင်ရဲဘူး. ။
ယုက တံခါးဘုကို ကိုင်လိုက်စဉ် ဦးငယ်က ယုကို အနောက်က လှမ်းဖက်လိုက်သည်။
"ယု မသွားပါနဲ့. . . ။ ကျွန်တော် သူ့ကိုထွက်တွေ့လိုက်မယ်လေ"
ယု ခေတ္တငြိမ်သက်သွားသည်။
မဟုတ်သေးဘူး။ ဦးငယ်နဲ့ ဖြေရှင်းတာ အဖြေမဟုတ်ဘူး။ ယု ကျော်စွာ့အကြောင်း ကောင်းကောင်းသိတယ်. .။
သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး. ။ သူ့စိတ်ထဲမှာ ယုက သူ့ရဲ့ ငယ်နိုင်လိုပဲ။ သူဆောင့်ဆွဲပြီး ခေါ်လိုက်တာနဲ့ ပါလာမယ့်မိန်းမလို့ ထင်နေတာ. . .
ဦးငယ်နဲ့ ဒီနေ့တွေ့လိုက်ရလို့ သူပြန်သွားလည်း နောက်နေ့ပြန်လာမှာပဲ. .သူ့ရည်ရွယ်ချက်က ယုနဲ့ ပြန်တွေ့လိုက်ရင် အရာရာအားလုံး ပြေလည်သွားမယ်လို့ ထင်နေမှာ. .
အဲ့တော့ အခုရှုပ်မှ နောင်ရှင်း. . . ယု ဒီကိစ္စကို ဒီမှာတင်ပြီးအောင်ဖြတ်ရမယ်။
'ဦးငယ် . ယု ကိုယ့်စိတ်ကိုကိုယ် ပြတ်ပြတ်သားသားဖြစ်ချင်တယ်. . ၊ ယု ကိုယ့်ဇာတ်ကိုယ် နိုင်အောင်ကမယ်. .။ ယုရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးပါ. .။ အခုလို ရှောင်ပြေးနေရင် ပိုကြာလိမ့်မယ်'
आप पढ़ रहे हैं
စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)
रोमांसကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်လာမယ့်နေ့ကို စောင့်နေတဲ့သူမ . နှစ်တွေ လတွေသာ ကြာလာပေမယ့် အခုထက်ထိ ခြေချုပ်မမိချင်လို့ လက်မထပ်ချင်သေးတဲ့ ကောင်လေး. . . အချိန်တွေ ကြာလာလေ တဖြည်းဖြည်းဝေးလာလေ ဖြစ်လာရတဲ့ သူတို့ရဲ့ ကံကြမ္မာက ဘယ်လိုအဆုံးသတ်မှာလဲ . Own Creatio...