အပိုင်း (၁၃)

5.8K 134 1
                                    

နောက်နေ့တွင် ဦးငယ်ဆီက ဖုန်းဆက်လာသည်။


'ယု. . ဦးငယ်. .ယုကို သတိရလို့ ဖုန်းဆက်လိုက်တာ'


"ဟုတ် ဦးငယ်. . မတွေ့ရတာကြာပြီနော် ယုလည်း သတိရပါတယ်"


'ကျွန်တော်လေ ရန်ကုန်ကို အမြန်ပြန်လာချင်လိုက်တာ။ ဒီမှာ အလုပ်တွေလုပ်ရတာ စိတ်နဲ့လူနဲ့ မကပ်ဘူး။ စိတ်က ရန်ကုန်ရောက်နေတယ်။'


"ဦးငယ်ကလည်း နောက်တယ်နော်. ."


'မနောက်ဘူး ယု. .။ ကျွန်တော်တကယ်ပြောနေတာ. . ယုလည်း အဆင်ပြေရင် မန္တလေး လာလည်ပါလား။ ဦးငယ်နေရာအနှံ့ လိုက်ပို့ပေးမယ်လေ။'


ဟုတ်တော့ ဟုတ်နေပါပြီ. .။ 

ဦးငယ်ကို ယုက စပြီး မြူဆွယ်ခဲ့တာ မဟုတ်လား။ ယုအမှားတွေပါပဲ။ ဒါပေမယ့် မတတ်နိုင်ဘူး။ 

ကိုနဲ့ပတ်သက်တဲ့ ယုရဲ့ ဆုံးဖြတ်ချက်က ခိုင်မာနေပြီ.။

ယု တံတွေးမြိုချလိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။


"ဟင်း. . . . .. . 

စိတ်မရှိပါနဲ့ ဦးငယ်။ ဦးငယ်လည်း သိရင်သိပြီးသား ဖြစ်မှာပါ။ 

ယုမှာက ချစ်သူရှိတယ်လေ။"

'ဗျာ'


ဦးငယ်၏ အသံများ အနည်းငယ်ပျာယာခတ်သွားသည်။ 

စိတ်မကောင်းတော့ ဖြစ်မိပါတယ် ဦးငယ်။ ယုစတဲ့ ဇာတ်လမ်းတွေပါ။ 

ဒါပေမယ့် ယုက လှေနံနှစ်ဖက် နင်းတဲ့မိန်းမ မဖြစ်ချင်ဘူး။ ဒီကိစ္စ ဒီမှာတင်ပဲ ရပ်လိုက်တာ ပိုစိတ်ရှင်းရပါလိမ့်မယ်။

သူမ အားတင်းကာ ဆက်ပြောလိုက်သည်။


"အဲတာကြောင့် အခုလိုအခြားယောက်ျားလေး တစ်ယောက်နဲ့ လျှောက်သွားဖို့ ကြတော့ မသင့်တော်ဘူးလေ။ ယုကိုနားလည်ပေးပါ"


'ဟာ. . အဲလိုမဟုတ်ပါဘူး။ ကျွန်တော်က သဘောရိုးနဲ့ ပြောတာပါ။ ယုသူငယ်ချင်းတွေ မိသားစုတွေ ခေါ်လာလည်း ရပါတယ်။ ကျွန်တော့်ကို အထင်မလွဲပါနဲ့။'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Tempat cerita menjadi hidup. Temukan sekarang