ယု အာခေါင်တွေ ခြောက်ပြီး ရေအရမ်းဆာနေပြီ။
မနက်မိုးစင်စင်လင်းမှ နိုးလာသည်။ ဘယ်နှနာရီတောင်ထိုးနေပြီလဲ မသိဘူး. .
ရင်သားတစ်ခြမ်းက ပူခြစ်နေသောကြောင့် ယုမျက်လုံးကိုသေချာဖွင့်ကြည့်လိုက်သည်။
ဆံပင်တွေ. .
ယုမေးစေ့အောက်မှာ ဆံပင်တွေ. .
ဘုရားရေ ဒါ ဘယ်သူ့ခေါင်းကြီးလဲ မသိဘူး. .
ယုရင်ဘတ်ထဲမှာ ယောကျ်ားကြီးတစ်ယောက် ဝင်အိပ်နေသည်။
ယုအရမ်းလန့်သွားပြီး. . ယုရင်ဘတ်နှင့်ကပ်အိပ်နေသော သူ့မျက်နှာကို ခွာထုတ်လိုက်သည်။
ဦးငယ်. . .
ယုက အတင်းခွာထုတ်လိုက်သောကြောင့် ဦးငယ်က မျက်မှောင်ကြုံ့ပြီး အတင်းပြန်ဆွဲဖက်သည်။ လူကတော့. . အိပ်ရာက မနိူးသေး. . ။
သူလည်း တော်တော်သောက်ထားပုံရသည်။ မျက်နှာက နီရဲပြီး ပူနေတာ. . အရက်နံ့တွေလည်း ဟောင်လို့. . ယု အရမ်းလန့်သွားပြီး ခြေဖျားလက်ဖျားတွေပင် ချက်ချင်းအေးစက်လာသည်။
မနေ့က ဘာတွေဖြစ်သွားကြတာလဲ. . ။
မျက်လုံးများ ပြူးကျယ်လာသည်အထိ အစွမ်းကုန် စဉ်းစားမိပြန်သည်။
ဤသို့နှင့် သူမရဲ့ခေါင်းထဲမှာ မနေ့က ပုံရိပ်တွေ ပြန်ဝင်လာလေသည်။
- - -
ဘားဆိုင်ထဲတွင် ထိုင်နေရင်း ဝီစကီ ပုလင်း တဝက်အကျိုးမှာ ဥက္ကာရဲ့ wall ထဲက ကျော်စွာနဲ့ ဟိုမိန်းမ တွဲကနေတာပါတဲ့ဓါတ်ပုံအောက်ကို သွားပြီး comment သွားရေးနေမိသည်။
ဆဲတဲ့စာတွေ မန့်မလို့ ရေးနေတာ. .
Click နှိပ့်လိုက်ရင် မန့်ပြီးသား ဖြစ်သွားမည်. .
VOUS LISEZ
စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)
Roman d'amourကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်လာမယ့်နေ့ကို စောင့်နေတဲ့သူမ . နှစ်တွေ လတွေသာ ကြာလာပေမယ့် အခုထက်ထိ ခြေချုပ်မမိချင်လို့ လက်မထပ်ချင်သေးတဲ့ ကောင်လေး. . . အချိန်တွေ ကြာလာလေ တဖြည်းဖြည်းဝေးလာလေ ဖြစ်လာရတဲ့ သူတို့ရဲ့ ကံကြမ္မာက ဘယ်လိုအဆုံးသတ်မှာလဲ . Own Creatio...