အပိုင်း (၁၁)

4.7K 139 0
                                    

ယု အကြံအစည် မအောင်မြင်တော့ အနည်းငယ် စိတ်ဓါတ်ကျသွားမိသည်။


'ယု. .'

"..."


'ယု'

ယု သတိပြန်ဝင်လာပြီး. .၊


"ရှင်. .ဦးငယ်"


မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်ဖြင့် ပြန်မေးလိုက်မိသည်။


'ဦးငယ်ကို ပြောစရာတစ်ခုရှိလို့ ဆိုတာ ဘာလဲ'


"သြော်. .. အဲ့ဒါလေ. ."


ယု ဦးငယ်ကို အားနာပေမယ့် သူ့ရည်းစား ဟိုရှီ တာကာယာမရဲ့အကြောင်း ပြောပြမှရတော့မယ်။ မပြောလို့မဖြစ်တော့ဘူး။

 အမှန်တော့ ဒါမပြောသင့်ပါဘူး၊ စည်းကျော်ရာရောက်တယ်မှန်း ယုသိပါတယ်။ ဒါပေမယ့် ယုအခုအချိန်မှာ ဒီကိစ္စကို မပြောပြလိုက်ရင် ယုဟာ ဦးငယ်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ဟေးလားဟားလား လုပ်ချင်လို့ ခေါ်ကြူသလို ဖြစ်မနေဘူးလား။

ယုအံကြိတ်ပြီး တံတွေးမြိုချလိုက်သည်။


'ဦးငယ်. . '


'ဦးငယ်ရဲ့ ရည်းစားက ဖောက်ပြန်နေတာ သိလား'


"ဗျာ. . . ကျွန်တေ်ာ့ရည်းစား?"


'ဟုတ်တယ်။ ယုက အဲ့ဒီ့ဟိုတယ်မှာ အလုပ်လုပ်တော့ သိတယ်။ သူက ညဆို အခြားအမျိုးသား တစ်ယောက်ကို ခေါ်လာတယ်'


"ဟမ်". . . ဦးငယ်က အရမ်း အံ့အားသင့်သွားသည့်ပုံနှင့်


'ဦးငယ်မယုံရင် ယုပြမယ်၊ ဒီမှာ. . ဖုန်းထဲမှာ'


ယုချက်ချင်း ဖုန်းကိုဖွင့်ပြီး ဟိုတစ်နေ့က ယု ခိုးရိုက်ထားသော ဂျပန်မတို့အတွဲဓါတ်ပုံကိုပြလိုက်သည်။


တစ်ခုခုတော့မှားနေပြီ၊


စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Место, где живут истории. Откройте их для себя