Gym ခန်းမထဲတွင် မြူးမြူးကြွကြွ သီချင်းသံများ ပျံ့လွင့်နေသည်။
ယုတစ်ယောက် မှန်ကိုကြည့်ရင်း လေ့ကျင့်ခန်း လုပ်နေမိသည်။
အစားအသောက်ကလည်းလျော့ လေ့ကျင့်ခန်းကလည်း ဆက်တိုက်လုပ်ဖြစ်တော့ ဗိုက်မှာတောင် ၂မြောင်းပေါ်လာပြီ. . .။
ဒီနေ့နဲ့ဆို ယုကို ကိုကျော်စွာ ဖုန်းမဆက်တော့တာ ၆ ရက်ရှိပြီ. . ။
ခါတိုင်းဆို သူဖုန်းမဆက်လာရင် ယုက မနေနိုင် မထိုင်နိုင် ဖုန်းသွားဆက်ရင်ဆက် message သွားပို့ရင်ပို့ တစ်ခုခုတော့ လုပ်တတ်တာ. .။
ဒါပေမယ့် ဒီတစ်ခါတော့ သူ့ကို ယုဖုန်းစမဆက်ချင်တော့ဘူး။
စိတ်အရမ်းမောလာပြီလို့ဆိုရမယ်. . ။
ရသလောက် ယု တင်းခံကြည့်ချင်တယ်။
မှန်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်းနဲ့ ကို့ကြောင့် ပျောက်သွားခဲ့တဲ့ ယုံကြည်မှုတွေ ပြန်မွေးယူနေရတယ်။
ကိုနဲ့ဖုန်းပြောမယ့်အစား ရုပ်ရှင်တွေထိုင်ကြည့်နေဖြစ်တယ်။ Gym လည်း ပုံမှန်သွားဖြစ်တယ်။
ဦးငယ်နဲ့လည်း မကြာမကြာ စာတွေပို့ဖြစ်တယ်။
ဦးငယ်အမေ မသက်သာသေးဘူးတဲ့။ ခွဲခန်းဝင်ရမယ်ဆိုလို့ မနှင်းတောင် မန္တလေးကို လိုက်သွားရပြီ. .။
ယု ဒီလိုကြီး အချိန်ကြာကြာ ကို့ကို မခေါ်ဘဲ နေနိုင်နေတာကို ကိုစိတ်မပူဘူးလား မသိဘူး။
ခါတိုင်းဆို ယုကမနေနိုင်မထိုင်နိူင် စစပြီး ဆက်ခဲ့တဲ့လူလေ. .။
ပြီးတော့ ဒီတစ်ခေါက်က ယုဆီကို ကိုကျော်စွာဘက်က ပြန်စပြီး ဆက်သွယ်လာလိမ့်မယ်လို့ ယု သေချာ ယုံကြည်ထားတယ်။
ဘာဖြစ်လို့လဲဆိုတော့ နောက် ၉ ရက်ကြာရင် ယုတို့ anniversary နေ့ကို ရောက်တော့မှာလေ. .။
အဲ့မှာ အစီအစဉ်တွေရှိမယ်. .။
အနည်းဆုံးတော့ သူ ဟိုတယ်သွားချင်လိမ့်မယ်. . ။ အဲ့ဒီ့အခါကျရင် ဟောဒီ့ လိုသုံး ကောင်မကြီးကို ဆက်ကို ဆက်သွယ်လာမှာ အမှန်ပဲ။
आप पढ़ रहे हैं
စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)
रोमांसကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်လာမယ့်နေ့ကို စောင့်နေတဲ့သူမ . နှစ်တွေ လတွေသာ ကြာလာပေမယ့် အခုထက်ထိ ခြေချုပ်မမိချင်လို့ လက်မထပ်ချင်သေးတဲ့ ကောင်လေး. . . အချိန်တွေ ကြာလာလေ တဖြည်းဖြည်းဝေးလာလေ ဖြစ်လာရတဲ့ သူတို့ရဲ့ ကံကြမ္မာက ဘယ်လိုအဆုံးသတ်မှာလဲ . Own Creatio...