အပိုင်း (၈)

5K 141 1
                                    

ယုနဲ့ ဖုန်းချပြီး ကျော်စွာတစ်ယောက် ချက်ချင်းရုံးခန်းထဲ ပြန်မဝင်နိုင်ဘဲ အပြင်ဘက်မှာ ရှုးရှုးရှဲရှဲ ဖြစ်လျှက်ရှိသည်။ 

ဆေးလိပ်သောက်ခန်းအတွင်းသို့ အမြန်ဝင်သွားပြီး ဆေးလိပ်သောက်ရန် ဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ကို ထုတ်လိုက်သည်။ ဘောင်းဘီအိတ်ထဲတွင် မီးခြစ်နှင့်အတူ ဆေးလိပ် ၂ချောင်းထည့်ထားပါသည်။ 

ထိုဆေးလိပ် နှစ်ချောင်းသည် ခုနက အိတ်ထဲထည့်လိုက်သော ဖုန်းနှင့် ကွယ်နေသောကြောင့် ယူရခက်နေလေ၏။ ဆေးလိပ်ယူရန် ဟမ်းဖုန်းကို အိတ်ထဲကအထုတ်၊ ဖုန်းမှန်သားပြင်မှာ ချွေးကြောင့် ကွက်သွားသော လက်ရာများကိုတွေ့ရသည်။ ထိုလက်ရာများကို လက်ဝါးဖြင့် ပြန်ပွတ်ရင်း ဖုန်းကိုကြည့်ကာ မှိုင်သွားမိသည်။

မနက်ကအထိ ဖုန်းအသစ်လေးကို တသသ လုပ်နေရာမှ အခု ယုနဲ့ ရန်ဖြစ်ပြီးကာမှ ဖုန်းကိုရတာ မပျော်တော့သလို ခံစားရသည်။ ဖုန်းကိုဟိုဘက် ဘောင်းဘီအိတ်ထဲ ပြောင်းထည့်လိုက်ပြီး၊ ဆေးလိပ်ကိုထုတ်ကာ မီးညှိ့လိုက်ပါသည်။


ဟား. . . . .


ဆေးလိပ်တစ်ဖွာထဲမှာ ရင်ထဲကဖိစီးမှုတွေကို သက်ပြင်းအဖြစ် မှုတ်ထုတ်လိုက်ပါသည်။ သို့သော် အပူမီးက ငြိမ်းမသွား. .။


(ကျွန်တော်နဲ့ ယုနဲ့ စတွေ့တုန်းက ယုက ဒီလိုပုံစံမဟုတ်ဘူး။ အရမ်းကို ချိုမြိန်တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ သူမှာ လှည့်ကွက်တွေ မရှိဘူး၊ ဖတ်ပြီးသွားရင် နောက်တစ်ခေါက်ပြန်ဖတ်ဖို့ မလိုတဲ့ စာအုပ်တစ်အုပ်လိုပဲ ရိုးရှင်းတယ် ခန့်မှန်းရလွယ်တယ်။သူ့မှာ ရုပ်ချောတာလေးကလွဲလို့ ဘာမှထင်ထင်ရှားရှား ဆွဲဆောင်မူမရှိပေမယ့် ကျွန်တော် ယုနဲ့တွဲရတာ သက်တောင့်သက်သာ ရှိတယ်လို့ အမြဲ ခံစားရတယ်။ ယုက ကျွန်တော့်အတွက်တော့ အရင်းနှီးဆုံးလူပဲ။


ဒါပေမယ့် အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အရောင်ပြောင်းလာတယ်။ 

ကျွန်တော့်ရဲ့ နေ့စဉ်ဘဝကို အရမ်း ဘောင်ခတ်ချင်လာတယ်။ ကျွန်တော့်မှာ ယုနဲ့တွေ့လို့ ပျော်ရွှင်နေပြီဆို သိပ်မကြာဘူး။ 

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Hikayelerin yaşadığı yer. Şimdi keşfedin