အပိုင်း (၄)

6.8K 168 0
                                    

မိုးလင်းလင်းခြင်း ကျွန်တော် ဖုန်းကို လှမ်းကြည့်လိုက်တော့ မနက် ၉နာရီခွဲနေပြီ။

အား. . ခေါင်းထဲမှာ ကိုက်လိုက်တာ၊ မနေ့ညက တော်တော် သောက်တာများသွားတယ်။ အိမ်ပြန်ရောက်တာကလည်း ည ၂ နာရီကျော်နေပြီလေ. .


(ဟိုက်. . ငါ ယုကို message မပို့ဖြစ်ဘူးပဲ။ သူ အခုချိန် ဂျုတီ ပြန်ထွက်နေလောက်ပြီ. .)


ယုရဲ့ ဖုန်းကို ကမန်းကတမ်း နှိပ်လိုက်သည်။


'ဟယ်လို ယုလား'


"ကိုလား အခုပဲ ဖယ်ရီပေါ်က ဆင်းလာတာ၊ ကို့ message ကိုမတွေ့လို့ ယုတောင် ဖုန်းဆက်တော့မလို့ပဲ"


'ဟုတ်တယ် မနေ့ညက ဖုန်းအားကုန်သွားလို့ ယုရေ. . အိမ်ပြန်ရောက်တော့ အားသွင်းပြီး အိပ်ပျော်သွားတာ ယုဆီကို စာပို့ဖို့ မေ့သွားတယ်'


"ကို မနေ့က ဘယ်အချိန် ပြန်ရောက်တာလဲ"


'အင်း. . . မနေ့က ကိုယ် ၁၁ နာရီလောက် ပြန်ရောက်တယ်. .'


"ဟယ် ကိုကလည်း နောက်ကျလိုက်တာ စောစောပြန်လာပါဆိုမှ"


(အမလေး. . ဒါတောင် ည ၂ နာရီမှ ပြန်ရောက်တာ မသိလို့ပေါ့)


'ကိုလည်း ပြန်လာချင်တာပေါ့ သူငယ်ချင်းတွေက မပြီးသေးလို့ ထပြန်လာလို့ မရဘူးဖြစ်နေတာ. . ၊ စိတ်မပူပါနဲ့ ယုရဲ့. . ကိုက မနေ့က ယုကို သတိရနေတာ'. . . ခြင်ထောင်သံဖြင့် ပြောလေသည်။


"ဟင်. .တကယ်လည်း မဟုတ်ဘဲနဲ့၊ . . သြော်. .ဒါနဲ့ ဒီနေ့ နေ့လည် ပလာဇာ သွားဖို့ လိုက်ပို့မှာလား"


ဟာ. . ဟုတ်သားပဲ၊ သူပလာဇာမှာ ဈေးသွားဝယ်မယ်လို့ ပြောထားတာ။ 

မရလောက်ဘူး။ ခေါင်းက အရမ်းကိုက်နေတာ၊ သူကလည်း ဈေးဝယ်ရင် ကြာအုံးမှာ သိတဲ့အတိုင်းပဲ။

'အဲဒါ ယုကို ပြောအုံးမယ်။ 

မမမြိုင်တို့က ဒီနေ့ အပြင်သွားစရာရှိလို့ ကားသုံးအုံးမယ် ပြောနေတယ်။ ကိုထွက်လာလို့ မရတော့ဘူး'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now