1

1.1K 105 7
                                    

အပြာလွင်လွင်ဆေးသားပေါ်မှာ အဖြူဆွတ်ဆွတ် သိုးမွှေးစများ အဆုပ်လိုက်ဖြန့်ကျဲထားသလို နေ့လယ်ခင်းကောင်းကင်မှာ လှချင်တိုင်းလှ၍နေတော့သည်။
ဖန်တရာထေနေသည့် မြင်ကွင်းဖြစ်သော်ငြား ပြာလွင်လွင်ကောင်းကင်နှင့် တိမ်ဆိုင်နုနုလေးတွေကို ကြည့်လိုက်တိုင်း သူ့စိတ်နှလုံးကို အသစ်တစ်ဖန်ဆေးကြောလိုက်သလို ခံစားရမြဲ။
နေ့စဥ်နေ့တိုင်း လှပတဲ့ကောင်းကင်အောက်မှာ လမ်းလျှောက်ရသည်ကိုလည်း သူသိပ်ကိုကျေနပ်မိပါသည်။

ကောင်းကင်ကြီးကိုမော့ကြည့်ရင်း မျက်နှာပေါ်ဖြတ်ပြေးလာတဲ့ နေ့လယ်ခင်းလေပြေလေးကို တစ်ရှိုက်မက်မက်ရှူသွင်းလိုက်သည်။
အရည်ပျော်စပြုနေသော လက်ထဲက ice coffeeကို အရသာခံရင်းတစ်ကျိုက်ထဲ မော့ချလိုက်သည်။
ဤအခိုက်အတန့်သည် ရှင်သန်နေပါတယ်ဆိုသော ခံစားချက်ကလေးဖြစ်တည်လာတဲ့ အခိုက်အတန့်။
နေထိုင်လာရင်းဒီလို အသေးအမွှားကိစ္စလေးတွေကိုလည်း ပျော်ရွှင်စရာတွေဟုသူခံစားတတ်နေပြီ။

ကိုယ်ရေးအချက်အလက်နှင့်လိုအပ်သည့်
လက်ထဲက စာရွက်စာတမ်းဖိုင်တွဲများကို လက်ဖြင့်ပိုက်ရင်း အရှေ့မှကြီးမားခန့်ထည်သော အဆောက်အဦးထဲသို့ ယုံကြည်ချက်အပြည့်ဖြင့်ခြေလှမ်းလိုက်တော့သည်။

'ဒီအလုပ်မှမရရင် ဂျောင်ဟိုဆော့ဘယ်ပီသပါ့မလဲ'

အိမ်မှထွက်လာကတည်းက J fashion groupမှာ အလုပ်ရကိုရရမည်ဟု စိတ်ပိုင်းဖြတ်ထားပြီးသား၊ designerအလုပ်အတွက်လဲ သူ့မှာထိုက်တန်သည်ထက်သာလွန်သော အရည်အချင်းအပြည့်အဝရှိပြီးသား သူလိုအရည်အချင်းပြည့်ဝသောသူကို အလုပ်မခန့်ရင်ဖြင့် ဒီcompanyရူးနေတာပဲဖြစ်လိမ့်မည်။

elevatorထဲမှ ထွက်လိုက်တာနှင့်တစ်ပြိုင်နက် လူတွေရှုပ်ထွေးနေသည့် ရုံးခန်းကြောင့်လက်ဖဝါးမှ ချွေးစေးတွေပျံစပြုနေပြီ။

"မင်းရော interview လာဖြေတာလား"

"ဟုတ်ကဲ့"

elevatorထဲမှ ထွက်လာသည့်လူတစ်ယောက်က ဟိုဆော့အနားရောက်လာပြီးပြောခြင်းဖြစ်သည်။

"interview ကလူများတယ်လို့ကြားတယ်"

"အင်း"

"အကိုတို့က interview လာဖြေတာလားရှင့်"

Kiss Me Darling(Completed)Where stories live. Discover now