9

446 80 12
                                    

ဂင်ဂိုပင်တန်းအောက် လမ်းလျှောက်ရင်း အတွေးရောင်စုံတွေကိုဖမ်းဆုပ်ဖို့ ကြိုးစားနေမိတယ်။
အပင်ကိုင်းဖျားမှာ အနားယူနေတဲ့ငှက်ကလေးတွေ တကျီကျီအော်မြည်နေကြတယ်။

ပြာလွင်နေတဲ့ကောင်းကင်မှာ တိမ်ဆိုင်လေးတွေ ဖြေးညှင်းစွာရွေ့လျား နေကြသည်။
မျက်လုံးတွေမှိတ်ပြီး ဆောင်းလေအေးအေးလေးကို တစ်ရှိုက်မက်မက် ရှူသွင်းလိုက်မိတော့ အဆုတ်ထဲထိအောင် အေးသွားသည်။

စက္ကူနဲ့သေချာထုပ်ပိုးလာတဲ့ နှင်းဆီဖြူတွေရဲ့ရနံ့က ဆောင်းလေနဲ့ရောထွေးနေသည်။
ဂင်ဂိုပင်တွေကို နောက်ခံထားကာ နှင်းဆီဖြူပန်းစည်းလေးအား ဖုန်းဖြင့်ဓာတ်ပုံရိုက်ယူလိုက်ပြီး instagram မှာတင်လိုက်သည်။

လေးလံတဲ့ ခြေလှမ်းတွေနဲ့ company ဆီ ဦးတည်နေခဲ့တယ်။
ဆုံလည်တံခါးကနေ ဟိုဆော့ဝင်သွားလိုက်တော့ မှတ်ဉာဏ်အဟောင်းလေးတစ်ခု ဖြတ်ပြေးသွားတယ်။
အစိမ်းရောင်ထီးလေးတစ်ချောင်း။
ဟိုဆော့အခန်းတံခါးမှာ အခုထိချိတ်ထားမိတုန်းပဲ။
မိုးတွေသည်းတဲ့ တစ်ညနေမှာ bossရဲ့အငွေ့အသက်တွေနဲ့ အဲ့ဒီထီးလေးကသူ့ကိုနွေးထွေးစေခဲ့ဖူးတယ်။

elevator ကဒီနေ့မှအရမ်းမြန်နေသလိုပဲ။
bossကိုတွေ့ရဖို့ နီးလေသူ့မှာဆောက်တည်ရာမရဖြစ်လေပဲ။ဒီခံစားချက်ကို မုန်းလိုက်တာ။

ရုံးခန်းတံခါးကိုဖွင့်လိုက်တာနဲ့ လတ်ဆတ်အေးမြတဲ့လေထုကဆီးကြိုလျက်ရှိသည်။
လေအေးပေးစက်ကိုပိတ်ထားပြီး ပြူတင်းပေါက်တွေ တစ်ပေါက်မကျန်ဖွင့်ထားတယ်။
ပြူတင်းပေါက်ဘက်ကိုငေးနေတဲ့ bossကိုမြင်ပြီး ဟိုဆော့ဖုန်းကိုဖွင့်ကြည့်မိတော့ ရှစ်နာရီမထိုးသေးဘူး။

"စောတယ်နော်"

"အင်း"

"ကော်ဖီသွားဖျော်လိုက်အုံးမယ်"

"အင်း"

ကော်ဖီဖျော်ပေးပြီးတော့ ဟိုဆော့နားရက်တုန်းကပုံနေခဲ့တဲ့ အလုပ်တွေတစ်ပုံတစ်ပင်ကြီးထဲ ခေါင်းစိုက်နေလိုက်တယ်။
bossက သူ့ကိုတစ်ချက်တစ်ချက်လှမ်းကြည့်ပြီး ပြုံးပြနေတာ သူတို့ကြားမှာဘာကိစ္စမှမဖြစ်ခဲ့သလိုပဲ။
တစ်ခါတစ်ရံ သူ့ခုံကနေထလာပြီး ဟိုဆော့စားပွဲပေါ်ဖိုင်တွဲတွေလာထားပေးတတ်တယ်။
ပုံမှန်ပါပဲ။ဘာမှမဖြစ်ခဲ့သလိုနေနေတာ။
ဟိုဆော့တစ်ယောက်ပဲ မလုံမလဲဖြစ်နေမိတယ်ထင်ရတယ်။

Kiss Me Darling(Completed)Où les histoires vivent. Découvrez maintenant