5

507 85 11
                                    

"ဟိုဆော့ အဲ့ဒီခုံပေါ်ကအနက်ရောင်ဖိုင်တွဲယူပေးပါအုံး"

"ဟုတ်"

နေ့စဥ်ရုံးတက်လိုက် ဇီဇာကြောင်သည့်bossနှင့် ကတောက်ကဆဖြစ်လိုက်နှင့် အချိန်တွေကုန်မှန်းမသိကုန်ခဲ့သည်မှာ အခုဆိုဟိုဆော့ရဲ့လုပ်ငန်းသက်တမ်းက ငါးလဆိုသောအချိန်ကိုရောက်ခဲ့ပြီ။
bossက သီးသန့် secretary မထားပါ။
အသေးအမွှားလေးတွေကအစ ဟိုဆော့ကိုပဲခိုင်းတတ်သည်။
တစ်နေရာသွားစရာရှိရင်လည်း ဟိုဆော့ကအမြဲနောက်က တကောက်ကောက်လိုက်ရပြန်သည်။
မနက်စာ နေ့လည်စာပြင်ဆင်တာကနေ တစ်ခါတစ်ရံbossရဲ့ကားကိုမောင်းပြီး အိမ်ပြန်လိုက်ပို့ရသည်အထိ။
အလုပ်ချိန်တစ်ချိန်လုံးနီးပါး bossက သူ့ကိုခနခနခေါ်တတ်လွန်းသဖြင့် ရုံးခန်းသို့ခနခနပြေးလာရသည်မှာလဲအမော။
သူ့ရုံးခန်းနှင့် ဟိုဆော့အလုပ်စားပွဲက အခန်းတစ်ခန်းခြားသည်မို့ ခိုင်းရပြုရကြာသည်ဟုဆိုကာ ဟိုဆော့အလုပ်စားပွဲအား သူ့ရုံးခန်းထဲရွှေ့ပြောင်းစေပြန်သည်။

designer တစ်ဖြစ်လည်း bossရဲ့ secretary လေး ဂျောင်ဟိုဆော့တစ်ယောက် ဒီငါးလအတွင်းမှာပင် အတော်ကို ခြေကုန်လက်ပန်းကျနေခဲ့ပြီ။
ဒါပေမယ့်လည်း လကုန်တိုင်းသူများထက်နှစ်ဆရသော လစာလေးကြောင့်မို့ အမောပြေရမြဲ။

"ညနေခြောက်နာရီကျရင် ဧည့်သည်သွားတွေ့စရာရှိတယ် မင်းလိုက်ခဲ့ရမယ်"

ထပ်ပြီး အတွန့်တက်မရအောင် မင်းလိုက်ခဲ့ရမယ်ဆိုတဲ့စကားက အမိန့်အာဏာအပြည့်နဲ့မို့ bossကိုထုရိုက်ပစ်ချင်သည်။
သူများရဲ့ ကိုယ်ပိုင်အချိန်တွေကိုလုယူနေတာ

"ဟို"

"အပိုကြေးသုံးဆရမယ်"

"ဟုတ် လိုက်ခဲ့မယ်လို့ပြောမလို့ပါနော်"

"နေ့လည်စာကို 12နာရီကွက်တိမှာစားမယ်"

"ဟုတ်"

ဟိုဆော့ရဲ့လုပ်ငန်းခွင် တစ်နေ့တာကအမြဲဒီလိုပဲ။
bossပြောသမျှကို တဟုတ်ဟုတ်နှင့် ခေါင်းငြိမ့်ပြုံးပြရသည်။
စိတ်ထဲမှာတော့ ကျိန်ဆဲချင်ကျိန်ဆဲပေါ့။

"ညနေကျရင် မင်းအိမ်ကိုငါလာခေါ်မယ်"

"ရပါတယ် ကျွန်တော့်ဘာသာလာပါ့မယ်"

Kiss Me Darling(Completed)Où les histoires vivent. Découvrez maintenant