13

423 80 11
                                    

bossကို ချစ်မိသွားပြီဆိုတာ ကိုယ့်ကိုယ်ကိုယ်သိလိုက်ရတဲ့အချိန်ဟာ အရမ်းကိုနောက်ကျနေခဲ့တယ်။
ချစ်တယ်ဆိုတဲ့စကားဟာ ထာဝရသိမ်းဆည်းထားရမယ့် ဝတ္တရားတစ်ခုဖြစ်ပြီး ထိုစကားကိုbossလည်းဘယ်သောအခါမှ ကြားနိုင်မှာမဟုတ်တော့။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရတာတွေ ဘဝမှာများလှသည်။
ချစ်တယ်လို့ ဖွင့်မပြောခဲ့ရတဲ့ နောင်တတွေ
မချစ်သင့်တဲ့ လူကိုချစ်ခဲ့မိတဲ့ နောင်တတွေ
အစကတည်းက တွေ့ဆုံဖို့မသင့်ခဲ့တဲ့လူနှစ်ယောက်....

"အကိုဟိုဆော့"

ဆိုင်တံခါးကိုဖွင့်ဝင်လာတဲ့ လူကိုကြည့်ရင်းဟိုဆော့နှစ်လိုဖွယ်ပြုံးပြလိုက်မိသည်။
J Groupမှာ သူအလုပ်မလုပ်တော့ပေမယ့် အဲ့ဒီကလူတွေနဲ့တော့အဆက်အသွယ်လုပ်တုန်းပဲ။

"ဂျယ်နို လာလေ ဒီနေ့ရုံးမတက်ဘူးလား"

"ဟီး အလုပ်ပြုတ်လာတယ်"

"ဘယ်လို"

ဟိုဆော့ထိုင်နေတဲ့ ကောင်တာရဲ့မျက်စောင်းထိုးက သစ်သားစားပွဲဝိုင်းလေးမှာ ဝင်ထိုင်ရင်းထိုသူက အရယ်တဝက်နှင့်ပြုံးပြသည်။
ဟိုဆော့လည်းအဲ့ဒီစားပွဲဝိုင်းမှာဝင်ထိုင်လိုက်သည်။

"ဘယ်လိုဖြစ်လာတာလဲ"

"ဂဂျီဂဂျောင် CEOပေါ့ ကော်ဖီဖျော်ခိုင်းတာအရမ်းချိုသွားတယ်ဆိုပြီး တမင်ပြဿနာရှာလိုက်တာ သူကကျွန်တော့်ကိုဆိုမျက်မုန်းကျိုးနေတာလေ အဲ့တော့အလုပ်ဖြုတ်ဖို့ အခွင့်ကောင်းကိုစောင့်နေမှာပေါ့"

"ကော်ဖီဖျော်တာချိုသွားရုံနဲ့တော့ အလုပ်မဖြုတ်ပါဘူး မင်းတစ်ခုခုအမှားလုပ်ခဲ့တယ်မလား"

အရှေ့ကစပ်ဖြီဖြီးနဲ့ ရှက်ရယ်ရယ်နေတဲ့ ဂျယ်နိုကိုကြည့်ပြီးဟိုဆော့ သက်ပြင်းချလိုက်မိတယ်။
သူထင်တဲ့အတိုင်းကွက်တိ အမှားတစ်ခုခုလုပ်လာခဲ့တာအသေအချာပဲ။

"မင်းကိုငါပြောခဲ့ပါတယ် အစမ်းခန့်ကာလအတွင်းbossနဲ့အဆင်ပြေအောင်နေပါလို့ ခုတော့အလုပ်ပြုတ်လာပြီမလား"

"အကိုဟိုဆော့ကလည်း သူ့လူဘက်ကပဲကာကွယ်နေတယ် CEOနဲ့အဆင်ပြေတာ တစ်ရုံးလုံးမှာအကိုတစ်ယောက်ပဲရှိတဲ့ဟာကို ဘာပဲဖြစ်ဖြစ်ပါကျွန်တော်အခုအလုပ်သစ် လျှောက်ထားပြီးပြီ"

Kiss Me Darling(Completed)Where stories live. Discover now