3

490 86 8
                                    

အိပ်ယာထဲလှဲရင်း ရုံးပိတ်ရက်နှစ်ရက်ကမြန်မြန်ပဲကုန်သွားခဲ့သည်။
အိပ်ရေးဝဝအိပ်ခဲ့ရသည်မို့ ဟိုဆော့မျက်နှာလေးကကြည်ကြည်လင်လင်ဖြစ်နေသည်။
မသိမသာမို့နေသော မျက်ခမ်းစပ်လေးတွေက ချစ်စဖွယ်ဖြစ်ပြီး အင်္ကျီကြယ်သီးကိုစိတ်ရှည်ရှည်တပ်နေသည်မို့ အနည်းငယ်ဆူနေသည့် နှုတ်ခမ်းလေးကလည်းချယ်ရီပွင့်ဖတ်လေးလို သိပ်လှသည်။

မှန်ရှေ့မှာဆံပင်တွေကိုသပ်ရပ်စွာ ဖြီးသင်ရင်း မှန်ထဲကသိပ်ချောမောနေသော ပုံရိပ်ကိုကြည့်ကာဟိုဆော့ နှစ်လိုဖွယ်ပြုံးလိုက်သည်။
ဖိုင်တွဲတွေကိုကိုင်ကာ လှေကားမှပြေးဆင်းလာရင်း မေမေ့ကို မနက်ခင်းအနမ်းလေးပေးဖို့လည်း သူမမေ့ခဲ့။

"သွားပြီမေမေရေ"

"ဒီကလေးအစောကြီးရှိသေးတာကို"

"busမမှီမှာဆိုးလို့ပါမေမေရဲ့ပြီးတော့ အလုပ်သစ်ဆိုတော့စောစောသွားမှကောင်းတာပေါ့"

"ဟုတ်ကဲ့ ကြွပါတော့ကိုယ်တော်ချောရေ"

"ကြွပြီမေမေရေ"

ရယ်မောရင်း ခြံထဲမှထွက်လာတော့ ကောင်းကင်ကြီးကိုမော့ကြည့်မိသေးသည်။
တိမ်တွေကင်းစင်ပြီး ကြည်ပြာရောင်ထနေသော ကောင်းကင်သည် ဒီနေ့လည်းလှနေပြန်ပါသည်။

_____________________
_____________________

"အကိုဟိုဆော့ ဒီနေ့ suit design အသစ်အပ်ရမှာမလား"

"အင်း ဟုတ်တယ်လေ"

"CEOက ခေါ်ခိုင်းလိုက်တယ် designတွေပါယူခဲ့တဲ့"

"အင်း ငါလည်းအခုသွားတော့မလို့ပဲ"

အခန်းတံခါးနှစ်ချက်ခေါက်ကာ ဝင်သွားတော့ အလုပ်စားပွဲမှာမှီထိုင်နေတဲ့ bossကသူ့ကိုလှမ်းကြည့်သည်မို့ သွားတွေအကုန်မပေါ်ရုံတမယ် အစွမ်းကုန်ရယ်ပြလိုက်မိသည်။
အနက်ရောင်ကိုမှ ပြောင်လက်နေသည့်ကိုင်းနှင့်မျက်မှန်အောက်က အကြည့်တို့ကစူးရဲလွန်းသည်။
bossက အလုပ်လုပ်နေရင်း တစ်ခါတစ်ရံမျက်မှန်တပ်တတ်သည့် အကျင့်ရှိသည်။
မျက်မှန်တပ်ထားတိုင်းလည်း ဟိုဆော့ငေးမိသည်အထိကိုချောမောနေတတ်ပြန်သည်။

Kiss Me Darling(Completed)Where stories live. Discover now