19

408 65 12
                                    

မီးခိုးရောင်တီရှပ်အပွနှင့် ဆံနွယ်နက်နက်ကောက်ကွေးတွေက ပနံသင့်စွာ။
မျက်မှန်ဝိုင်းလေးအောက်က မျက်ဝန်းဝိုင်းလေးတွေက တစ်ရေးနိုးထကြည့်ရင်တောင် ချစ်ဖို့ကောင်းသည်။
လေတိုက်တိုင်းယိမ်းနွဲ့နေသော သူ့ဆံနွယ်တွေက မျက်နှာတစ်ခြမ်းကို ဖုံးအုပ်လျက်ရှိသည်။
ညင်သာစွာ ဆံနွယ်တွေကိုသပ်တင်ပေးတော့ ချစ်စဖွယ်အပြုံးလေးကြောင့်နွေးထွေးရသည်။

"ပျင်းနေပြီလား"

ဟိုဆော့ခါးသွယ်သွယ်လေးအား သူ့လက်မောင်းတို့ဖြင့်ဆွဲယူရင်း လှပသောအနမ်းလေးတစ်ပွင့်ပေးသည်။
ချက်ချင်းနီရဲသွားတဲ့ နားရွက်ဖျားလေးနဲ့နှာခေါင်းထိပ်လေးက ဟိုတုန်းကလိုလှနေတုန်းပဲ။
​ခပ်ပြုံးပြုံးလေးဆိုလာတဲ့ သူအမေးကိုဟိုဆော့ခေါင်းယမ်းမိသည်။
ဟိုဆော့မှာပျင်းဖို့တောင်အချိန်မရှိ။ စာအုပ်ကိုငုံ့ဖတ်နေတဲ့သူ့ပုံရိပ်လေးကို ငေးလို့မဝနိုင်ဖြစ်ရသည်။
မျက်တောင်တစ်ချက်ချင်း ခပ်လိုက်ပုံကအစ နှုတ်ခမ်းလွှာကလေးကိုစေ့လိုက်သည်အထိ စိတ်ဝင်စားဖွယ်ဘာသာရပ်တစ်ခုကို သင်ယူနေသလို သူ့အာရုံတွေဟာဂျောင်ဂုထံမှ လွှဲ၍မရနိုင်ခဲ့။

"မှောင်နေပြီ အိမ်ထဲဝင်ရအောင်"

အဖြူရောင်ဆေးချယ်ထားသော အိမ်ကလေးသည် နှင်းဆီပင်များဖြင့် ဟိုဆော့အကြိုက်ဖြစ်သည်။
ဒီအိမ်ကိုဂျောင်ဂုဘယ်တုန်းက စီစဥ်ထားခဲ့သည်လဲ ဟိုဆော့မသိပါ။
သူတို့လပ်ထက်ပြီးရင် နေဖို့စီစဥ်ထားခဲ့သည်တဲ့လေ။
အဲ့သည်လောက်အထိ စဥ်းစားပေးတတ်တဲ့သူရယ်ပါ။
ဟိုဆော့ပိုင်ဆိုင်လိုက်ရသော ဤအမျိုးသားသည် ဘာနဲ့မှလဲရက်စရာမရှိအောင် တန်ဖိုးကြီးလွန်းသည်။
သူ့အချစ်တွေကို လက်ခံရရှိသည့်နေ့မှစ၍ ဟိုဆော့ကမ္ဘာသည် ရောင်စုံနှင်းဆီတို့ဖြင့် လတ်ဆတ်လှပခဲ့လာရသည်မဟုတ်လား။
ယုံကြည်လိုက်တော့မည်။ သူ့ကို ဟိုဆော့ဘဝနှင့်ရင်းပြီးယုံကြည်လိုက်တော့မည်။.......

.
.
.
.
.
.
.
.
ညိုနုနွေးထွေးသော ကောင်လေး၏အပြုံးများကို မြင်လိုက်တိုင်း ဂျောင်ဂုရင်ခုန်သံတို့အသစ်ဖြစ်ရမြဲ။
ကောင်လေးက အိပ်ခန်းကြမ်းပြင်တွင် ကျုံ့ကျုံ့လေးထိုင်ရင်း ပြန့်ကျဲနေသောသူ့အသုံးအဆောင်ပစ္စည်းများကို နေရာတကျသိမ်းဆည်းဖို့ပြင်ဆင်နေသည်။
တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ သူတို့နှစ်ဦးထဲသာရှိသည်ဟူသော အသိက စိတ်လှုပ်ရှားစေသည်။
အခန်းထဲမှာပြန့်ကျဲနေတဲ့ သူ့ရင်ခုန်သံတွေကို ကောင်လေးကြားမသွားအောင် သိုဝှက်နေမိသည်။
အဲကွန်းလေကြောင့် ညင်သာစွာလှုပ်ခတ်နေတဲ့ ဆံနွယ်နီနီလေးတွေကို တမေ့တမောငေးရင်း အချိန်တွေကုန်မှန်းမသိကုန်ရလေသည်။
ကောင်လေးကတော့ အလုပ်ရှုပ်နေတုန်း။

Kiss Me Darling(Completed)Hikayelerin yaşadığı yer. Şimdi keşfedin