15

416 71 8
                                    

ရုံးပိတ်ရက်တွေတိုင်း ​ပျင်းရိငြီးငွေ့တတ်သော ဟိုဆော့ဒီတစ်ပတ်ရုံးပိတ်ရက်မှာတော့ စိတ်လှုပ်ရှားနေမိသည်။
လက်ဖျားတွေအေးပြီး မျက်နှာတစ်ခုလုံးပူလောင်နေတာ ခံစားချက်အသစ်တွေနဲ့ တနင်္ဂနွေမနက်ခင်းပါပဲ။

တီ!တီ!

ဟွန်းတီသံနှစ်ချက်နှင့်အတူ နက်ပြာရောင်ကားလေး သူ့ရှေ့ကို ​ဆိုက်ရောက်လာခဲ့သည်။
လုပ်နေကြအတိုင်း လက်သီးဆုပ်လေးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတယ်။
ဒီနေ့သူတို့နှစ်ယောက်ရဲ့ first date....

"ကားပေါ်တက်လေ ဘာရပ်လုပ်နေတာလဲ"

ဟိုဆော့အူတူတူနဲ့ ခေါင်းညိမ့်လိုက်မိတယ်။
စိတ်လက်ပေါ့ပါးစွာနဲ့ပဲ ကားရှေ့ခန်းမှာဝင်ထိုင်လိုက်တယ်။
ရုတ်တရက် သူ့လက်ကိုဆုပ်ကိုင်လာတဲ့ လက်တစ်စုံဟာနွေးထွေးလို့နေတယ်။
သူ့ကိုပြုံးပြီးကြည့်နေတဲ့ bossရဲ့မျက်နှာချောချောက တစ်ကမ္ဘာလုံးကိုအပိုင်စားရထားသလို ပြုံးရွှင်နေသည်။

"လက်တွေအေးနေတာပဲ နွေးသွားအောင် အာငွေ့ပေးရမလား"

ပြောရင်းနဲ့ပဲ သူ့လက်နှစ်ဖက်ကိုအုပ်မိုးဆုပ်ကိုင်ကာ အာငွေ့ပေးဖို့လုပ်နေသည်မို့ လက်ကိုအမြန်ရုတ်လိုက်ရသည်။

"မလိုပါဘူးနော်"

"ဘာလို့လဲ"

"အာပုပ်စော်နံမှာဆိုးလို့"

"မနံပါဘူး သွားနှစ်ခါတိုက်လာတာကို မယုံရင်နမ်းကြည့်ပါလား"

ရှေ့ကိုစူထွက်လာတဲ့ နှုတ်ခမ်းကိုဟိုဆော့လက်ဖဝါးနဲ့ရိုက်ချလိုက်တယ်။

"တော်စမ်းပါ"

"ဟိုနေ့တုန်းက အရင်လာနမ်းတာဘယ်သူပါလိမ့်"

"တော်တော့ ကားသာမောင်းစမ်းပါ"

"yes sir!!"

ဟိုဆော့ကို အလေးပြုတဲ့အမူအယာလုပ်ပြပြီး စနောက်နေသည်သူကြောင့် အသံထွက်အောင်ရယ်မိသေးသည်။
ရုတ်တရက်ကြီး သူက ချစ်ဖို့ကောင်းလာလိုက်တာ။

______________
______________

မနက်ခင်းရဲ့ လေနုအေးလေးတွေ ညှင်းသွဲ့သွဲတိုက်ခတ်လို့နေတယ်။
ငေးမောလို့မဆုံးနိုင်တဲ့ ကောင်းကင်ပြာကြီးမှာလည်း တိမ်ဆိုင်လေးတွေလှနေပြန်သည်။
ဘယ်အချိန်ကြည့်ကြည့် စိတ်သက်သာရာရစေသော
အပြာရောင်နှင့်အဖြူရောင်တွေပါပဲ။...
ခပ်တိုးတိုးထွက်ပေါ်နေတဲ့ သီချင်းသံလေးကြောင့် ဟိုဆော့ပြုံးလိုက်မိသည်။
ဖွင့်ထားတဲ့သီချင်းလေးက Can't help falling in love....

Kiss Me Darling(Completed)Where stories live. Discover now