14

455 77 13
                                    

ပြာလွင်နေတဲ့ကောင်းကင်ကိုကြည့်ပြီး အသက်ဝဝရှုလိုက်မိသည်။
ငှက်ကလေးတွေ တစီစီအော်နေသည့်အသံက သာယာနာပျော်ဖွယ်တေးသွားလေးတစ်ပုဒ်လို။
ဆိုင်ဖွင့်ခါစမို့ နေ့စဥ်လုပ်ရိုးလုပ်စဥ်တွေအတိုင်း ဟိုဆော့သန့်ရှင်းရေးလုပ်၊ ပြူတင်းပေါက်ဘောင်ပေါ်ကရွှေငါးလေးကို အစာကျွေးပြီး ပန်းစည်းတွေအလှဆင်ဖို့ပြင်ဆင်နေသည်။
စားပွဲပေါ်က ice coffeeခွက်ကိုယူလိုက်တော့ ကော်ဖီခွက်မှာကပ်ငြိနေတဲ့ ရေစက်လေးတွေစားပွဲပေါ်လွင့်စင်ကုန်ကြသည်။
latteကော်ဖီရဲ့ ဆိမ့်သက်တဲ့အရသာကြောင့် ခံတွင်းရှင်းသွားသလိုခံစားလိုက်မိသည်။

အချိန်ကိုကြည့်လိုက်တော့ မနက်၈နာရီကွက်တိ
bossရဲ့ရုံးတက်ချိန်။
အလုပ်ထွက်ပြီး လပေါင်းများစွာကြာတာတောင် ဟိုဆော့သူနဲ့ပက်သက်တာတွေကို အသေးစိတ်မှတ်မိနေတုန်းပဲ။
မနက်၈နာရီမှာသောက်တတ်သော သကြားနှစ်ဇွန်းပဲထည့်တတ်တဲ့ ကော်ဖီပူပူတစ်ခွက်။
နေ့လည်၁၂နာရီကွက်တိမှာ ပူပူနွေးနွေးပြင်ဆင်ပေးထားခဲ့ဖူးသော ထမင်းပွဲ။
ဘယ်သွားသွားနောက်က တကောက်ကောက်လိုက်နေခဲ့ရသူမဟုတ်လား။
ဘယ်အချိန်မှာ bossဘာလုပ်တတ်သည်ဆိုတာ ဟိုဆော့အတွက် အထွေအထူးစဥ်းစားစရာတော့ဟုတ်မနေ။
နောက်ကို ထုံးဖွဲ့ချည်နှောင်ထားတဲ့ ဂုတ်ထောက်သောဆံနွယ်ရှည်တွေရဲ့ ရနံ့သင်းသင်းလေးအထိအောင် ဟိုဆော့မှတ်မိနေသည်။

ခက်တော့လည်းခက်ပါရဲ့ မတွေးမိအောင်ကြိုးစားရင်းနဲ့ပဲ တစ်နေ့တာရဲ့ရွေ့လျားနေတဲ့ နာရီလက်တံလေးတွေမှာ ဂျွန်ဂျောင်ဂုဆိုတဲ့လူတစ်ယောက်ရဲ့ အကြောင်းအရာတွေနဲ့ပြည့်နှက်လို့နေတယ်။
မချစ်မိအောင်နေရင်း နဲ့ပဲ တစ်စထက်တစ်စ ဒီလူဆီမှာနစ်ဝင်နေမိတော့တာ ကိုယ်တိုင်တောင်သတိမထားခဲ့မိလိုက်ပါလား။
ချစ်တာကိုဝန်ခံဖို့တော့ ရင်ထဲမှာကိန်းအောင်းနေတဲ့ မာနတရားလေးက ခွင့်မပြုဘူးတဲ့လေ။
ဂျွန်ဂျောင်ဂုကိုမေ့ပစ်လိုက်ပါဆိုတဲ့ အော်သံတွေပဲ့တင်ထပ်နေတဲ့ လေဟာနယ်ထဲမှာ ဟိုဆော့ထာဝရသာပျောက်ကွက်သွားလိုက်ချင်မိတယ်။

ဒီကမ္ဘာပေါ်မှာ ဂျွန်ဂျောင်ဂုဆိုတဲ့လူသားရဲ့ လောင်းရိပ်အောက်ကလွတ်ငြိမ်းရာ နယ်မြေဆိုတာ ရှာမတွေ့နိုင်တော့ဘူးလား။

Kiss Me Darling(Completed)Tempat cerita menjadi hidup. Temukan sekarang