18

333 58 14
                                    

နှင်းဆီဖြူတွေပေါ် မိုးရေစက်တွေဟာ အငြိုးတစ်ကြီးရွာသွန်းနေခဲ့တယ်။ ဒီရက်တွေမှာ မိုးခနခနရွာသည်။
ရွာလျှင်လည်း လမ်းတွေပေါ် ရေတွေပြည့်လျှံသွားတဲ့အထိ ရွာသည်။
ရိုးတံငေါငေါသာကျန်နေတော့သော နှင်းဆီတစ်ချို့ကိုငေးရင်း သူရောမေမေပါ ဝမ်းနည်းရသည်။
မနက်စောစောမိုးလေဝသ သတင်းမှာ ဒီရက်ပိုင်းမိုးသည်းထန်စွာရွာသွန်းမည် ဟုကြေငြာလျက်ရှိသည်။
နူးညံ့သောနှင်းဆီရနံ့တွေအစား ပြင်းထန်အေးစက်သောမိုးရနံ့တို့ ဟိုဆော့အနားတစ်ဝိုက်တွင် အစားထိုးနေရာယူကြသည်။

ငေးရီနေသောမေမေ့မျက်ဝန်းထဲတွင် လွမ်းဆွတ်နာကျင်ခြင်းပုံရိပ်တို့ ထင်ဟပ်နေသည်။
ဟိုဆော့မေမေ့ပခုံးကို နူးညံ့စွာထွေးပွေ့လိုက်သည်။

"မိုးနည်းသွားရင် နှင်းဆီတွေပြန်ပွင့်မှာပါ မေမေရဲ့"

ဟိုဆော့ကို ငေးကြည့်လာတဲ့မေမေ့မျက်ဝန်းတွေကို အဓိပ္ပါယ်မဖော်တတ်ပါ။
လေးပင်တဲ့ခြေလှမ်းတွေနဲ့ပဲ သူ့အခန်းရှိရာသို့ ဦးတည်ရင်း အိပ်ယာထဲဝင်လှဲလိုက်သည်။
ဖုန်းကိုယူကာ ဂျောင်ဂုဆီသို့ စာတစ်စောင်ပို့လိုက်သည်။

"လေဆိပ်ကို ကျွန်တော်မလိုက်တော့ဘူး ဂရုစိုက်နော်"

ဂျွန့်နောက်ကျောကိုငေးရင်း ကျန်ရစ်ခဲ့ရမည့်အဖြစ်သည် အတွေးနှင့်ပင် နာကျင်ရပါသည်။
နောက်ဆုံးထိတွေ့ခဲ့သည့်အချိန်က ဂျွန်၏တုန်ရီနေသောနှုတ်ခမ်းများသည် သူ့အာရုံထဲကလွင့်ပျယ်မသွားသေး။
သည်းထန်စွာရွာနေတဲ့မိုးက သူ့ကိုခြောက်လှန့်နေသကဲ့သို့ ကြောက်ရွံစေမိသည်။
ထိုထက်ပိုကြောက်ရွံမိသည်က ချစ်သူကိုလက်လွှတ်ဆုံးရှုံးလိုက်ရတော့မည်ဆိုသော အတွေးပင်။

ကျွန်တော်ခင်ဗျားကိုယုံကြည်ချင်ပါတယ်။
ဒါပေမယ့် ကျွန်တော့်မှာယုံကြည်ရဲတဲ့ သတ္တိမရှိသေးဘူး
ဂျွန်ရယ်။

____________________________________

"ဟိုဆော့"

"ဟင် boss ဘယ်လိုရောက်လာတာ"

အိမ်မှာနေလျှင် သူ့ကိုလာရှာမည်စိုး၍ မြို့ပြင်ကပန်းခင်းဆီထွက်လာခဲ့သည်လေ အခုချိန်သူဂျွန့်မျက်နှာကိုမမြင်ချင်ပါ။
ဆွဲထားချင်စိတ်တို့နှင့် သွားခွင့်ပေးချင်သောစိတ်တို့
လွန်ဆွဲပွဲတွင်  ဟိုဆော့ ခြေကုန်လက်ပမ်းကျနေခဲ့ရပြီ။

Kiss Me Darling(Completed)Hikayelerin yaşadığı yer. Şimdi keşfedin