Final

612 73 13
                                    

မိုးမရွာပဲ တိမ်ထူတွေအုံ့ဆိုင်းနေသောတစ်နေ့...။

​ခြံဝန်းထဲဝင်လိုက်သည်နှင့် နှင်းဆီဖြူတွေ တစ်ပုံတစ်ပင်တွေ့ရလိမ့်မည်။
လျှောက်လမ်းနဘေးမှာ ပြွတ်သိပ်နေအောင် အလှဆင်ထားတဲ့နှင်းဆီဖြူတွေ၊
ခြံစည်းရိုးပေါ် အတွဲလိုက်ကျနေသော climbing roseအဖြူတွေ၊
အဖြူရောင်စားပွဲဝိုင်းလေးတွေပေါ်က ဖန်အိုးလှလှလေးတွေထဲမှာရှိသော နှင်းဆီဖြူတွေ၊ နေရာအနှံ့မှာနှင်းဆီဖြူတွေအပြည့်။ နှင်းဆီရနံ့​နှင့်မိုးရနံ့တို့ ရောထွေးယှက်ဖျာနေသည့် ခြံဝန်းလေးထဲတွင် ဟိုတစ်စုသည်တစ်စုစုဝေးနေကြသည့် အနည်းငယ်သောလူတစ်စု။
သူတို့အားလုံး စောင့်မျှော်နေကြသည်က ဒီနေ့ရဲ့အဓိကဇာတ်ကောင် သတို့သားနှစ်ဦး....

"မပြီးသေးဘူးလား ကောင်လေး"

"ခနလေးပြီးတော့မယ် nacktieစည်းလို့မရသေးလို့"

ဂျောင်ဂုရှေ့ကနှင်းဆီဖြူလေးဟာ သိပ်လှသည်။
ခပ်ပွပွဖြစ်နေတဲ့ အနီရောင်ဆံနွယ်လေးတွေ၊
ပန်းသွေးရောင်နှုတ်ခမ်းပါးလေး၊
ကျော့ရှင်းတဲ့လည်တိုင်သွယ်သွယ်
သူ့တစ်သက်တာမှာ ဒီလောက်လှသော အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ဂျောင်ဟိုဆော့က နတ်သားလေးများဖြစ်နေလေမလား။

အဖြူရောင်ဝတ်စုံလေးဟာ ကောင်လေးရဲ့အလှကိုပိုထင်ရှားစေသည်။
nacktie ကိုငုံ့ရင်း သပ်သပ်ရပ်ရပ်ချည်နှောင်နေသဖြင့် နှုတ်ခမ်းလေးကရှေ့သို့မသိမသာစူထွက်နေသည်။
သိသိသာသာဆူညံနေတဲ့ သူ့နှလုံးခုန်သံတွေဟာ အထိန်းအကွပ်မဲ့စွာ။
အသက်ရှင်လာသမျှ ကာလပတ်လုံး ဒီလိုခံစားချက်မျိုးဖြစ်တည်လာတာ ပထမဦးဆုံးပါ။
အမည်မသိခံစားချက်လေးက သူ့တစ်ကိုယ်လုံးကိုရစ်ပတ်ရင်း သူ့နှလုံးသားအထိဖောက်ဝင်နေခဲ့ပြီ။

"ဘာငေးနေတာလဲ ဒါလေးလုပ်ပေးအုံး"

necktieကိုသူ့လက်ထဲထိုးပေးလာတော့ အယောင်ယောင်အမှားမှား။
လည်တိုင်နုနုလေးကို အကြည့်မလွှဲနိုင်စွာ စိုက်ကြည့်နေမိရင်း အသက်ရှူသံတွေပုံမှန်မဟုတ်တော့။

"ငါနမ်းလို့ရမလား ကောင်လေး"

မော့ကြည့်လာတဲ့ မျက်ဝန်းလှလှလေးတွေဟာ နွေးထွေးမှုတို့အပြည့်။

Kiss Me Darling(Completed)Où les histoires vivent. Découvrez maintenant