7

468 83 5
                                    

သုံးရက်မြောက်နေ့မနက်ခင်းမှာတော့ ဂျောင်ဂုစောင့်မနေနိုင်တော့ပါ။
ဟိုဆော့အိမ်ကိုလိုက်သွားတော့ တစ်ခြံလုံးနှင်းဆီရနံ့တွေ လှိုင်လို့ရယ်။
ဟိုဆော့က ခြံထဲက ခုံတန်းရှည်ပေါ်နားကြပ်တပ်ရင်း လဲလျောင်းနေသည်။

သူ့ကိုမြင်တော့ ​အိမ်ထဲပြေးဝင်မလို့လုပ်နေတဲ့ ကောင်လေးကို လက်ကောက်ဝတ်ကနေ ဖမ်းဆွဲထားလိုက်တယ်။

"boss.. ဘာလာလုပ်တာလဲ"

"အလုပ်ပြေးနေတဲ့သူကို လာခေါ်တာလေ"

"အလုပ်မပြေးပါဘူးနော် ခွင့်တိုင်ထားတယ်"

"ဘယ်သူကခွင့်ပေးလို့လဲ အခုရုံးကိုလိုက်ခဲ့ရမယ်"

"မလိုက်ဘူး"

"ဂျောင်ဟိုဆော့!"

"သူများအိမ်ထဲဝင်ပြီး သူများကိုလာအော်နေတာလား ရိုင်းလိုက်တာနော်"

ဆံပင်ရှည်တွေကိုဆွဲဖွလိုက်တဲ့ bossက ဟိုဆော့မျက်လုံးထဲ ကြည့်ကောင်းနေခဲ့သည်။
အနက်ရောင် hoodie အပွကြီးနဲ့ အဖြူရောင်ဘောင်းဘီရှည်ကိုဝတ်ထားတဲ့ bossက တစ်ခြားတစ်ယောက်လိုပဲ။
ဟိုဆော့ တစ်ခါမှမ​မြင်ဖူးတဲ့ bossရဲ့ပုံစံမို့ ငေးကြည့်နေမိသည်။

"ချစ်ဖို့ကောင်းသားပဲ"

"ဘာလဲ"

"bossလေ"

"ပေါက်ကရ"

"ဧည့်သည်ရောက်နေတာလား ဆော့ကီ"

အနီရဲရဲနှင်းဆီတွေ တစ်ပွေ့တစ်ပိုက်နဲ့ မေမေကအိမ်ထဲကထွက်လာရင်းမေးသည်။

"ဟုတ် ကျွန်တော်ကဟိုဆော့ သူငယ်ချင်းပါ"

"အိမ်ထဲဝင်ကြလေ ကလေးတို့ အပြင်မှာအေးတယ်"

"ဟုတ်"

ဂျောင်ဂုကိုထားခဲ့ကာ အိမ်ထဲပြေးဝင်သွားတဲ့ကောင်လေးက ခုန်ဆွခုန်ဆွနဲ့ ကလေးပေါက်စလေးလိုချစ်စရာကောင်းနေတယ်။

သပ်သပ်ရပ်ရပ်စီခေါက်ထားတဲ့ သိုးမွှေးစရောင်စုံတွေကို
ကြိမ်ခြင်းတောင်းလေးထဲ စီစီရီရီထည့်ထားတယ်။
မီးဖိုချောင်ပြူတင်းပေါက်မှာ ပန်းအိုးလေးတစ်လုံးရှိတယ် အိုးထဲကပန်းတွေကိုတော့ဂျောင်ဂုမသိဘူး။
ဧည့်ခန်းမှာချိတ်ထားတဲ့ မိသားစုသုံးယောက်ဓာတ်ပုံထဲမှာရှိတဲ့ အလယ်ကကလေးလေးက ဟိုဆော့ဖြစ်ဟန်တူသည်။
တစ်အိမ်လုံး တစ်ခြံလုံးပန်းရနံ့တွေ မွှေးပျံ့နေတာ ဂျောင်ဂုရဲ့စိတ်နှလုံးကိုပါ ကြည်လင်သွားစေခဲ့တယ်။
ဟိုဆော့တို့အိမ်လေးက တောအုပ်လေးလိုပဲ။

Kiss Me Darling(Completed)Where stories live. Discover now