11

398 71 6
                                    

ဟိုဆော့ ဒီရက်တွေထဲ ဂျောင်ဂုနဲ့သိပ်ပြီးစကားမပြောဖြစ်ပါ။
အတိအကျပြောလျှင် မျက်နှာချင်းဆိုင်ဖို့ပင်ခက်ခဲနေသည်။
သူစကားပြောဖို့ကြိုးစားတိုင်း ဂျောင်ဂုကစိတ်ဆိုးသလိုစိတ်ကောက်သလိုနဲ့ စကားစအတင်းဖြတ်ပစ်နေခဲ့သည်။

ဟိုဆော့ တစ်ခုခုများအမှားလုပ်မိသလား စဥ်းစားပေမယ့်လည်း လှေကားပေါ်ကပြုတ်ကျတဲ့နေ့ကလွဲပြီး ဘာမှခေါင်းထဲထွက်မလာခဲ့။
အဲ့နေ့က သူတမင်လှေကားပေါ်ကခုန်ချခဲ့တာမှ မဟုတ်ပဲ။ပြီးတော့ အဲ့တာစိတ်ဆိုးစရာလဲမဟုတ်ပြန်ဘူး။
တွေးရင်းနဲ့ပဲ ဟိုဆော့သူ့ခေါင်းကိုသာ ကုတ်နေမိခဲ့သည်။
ဒီအခြေအနေကြီးကို သူမနေတတ်။
စကားအပိုအလိုမပြောပဲ သူ့ကိုစေ့စေ့တောင်မကြည့်တော့တာ။ အရင်ကလို အလိုမကျတိုင်း ဟိုဆော့ကိုနှဖူးတောက်တာမျိုးလဲမလုပ်တော့ဘူး။
bossကတကယ် ခန့်မှန်းရခက်ပြီးဇီဇာကြောင်တာ။

ထိုင်ရမလိုထရမလိုနဲ့ ပြာယာခတ်နေမိတာ နာရီဝက်လောက်ရှိနေပြီဖြစ်သည်။
bossသူ့ကိုစိတ်ဆိုးနေတဲ့ အကြောင်းအရင်းကိုသိရမှဖြစ်မယ်။
မဟုတ်ရင် ဟိုဆော့ဒီလိုမွန်းကြပ်တဲ့ အခြေအနေကြီးမှာ အလုပ်ကို အာရုံမစိုက်နိုင်ဖြစ်နေရသည်။

နောက်ဆုံးတော့ လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း bossအလုပ်စားပွဲရှေ့ သွားရပ်လိုက်တော့သည်။

"boss"

"ဘာလဲ"

လေသံကရင့်သွားလိုက်တာ ချက်ချင်း။
အရင်တုန်းက 'ငါတို့ တွဲကြရအောင်ကောင်လေး' ဆိုတဲ့ ပျားရည်လို ချိုသာပြီး ပန်းလေးတွေလိုနူးညံ့တတ်တဲ့ စကားသံကို ဟိုဆော့ပြန်ကြားယောင်မိသွားသည်။
အခုနဲ့တခြားစီပဲ။ လူစားလဲသွားတာများလား။

"ဟိုလေ"

"ငါမအားဘူး"

သူ့ကိုလုံးဝမကြည့်ပဲ laptop မျက်နှာပြင်ကို အတင်းအကြည့်လွှဲထားနေတဲ့ bossကို ဟိုဆော့တော်တော်ကိုစိတ်တိုနေမိပြီ။

"နေစမ်းပါအုံး ကျွန်တော်ကဘာများအပစ်လုပ်ထားလို့ အခုလိုခါးခါးသီးသီးဖြစ်နေရတာလဲ"

"မင်းကဒီလိုပဲဖြစ်စေချင်တာမလား"

ဟိုဆော့ရဲ့မျက်ဝန်းတွေရုတ်တရက် ငြိမ်ကျသွားတယ်။
ခုနကရန်တွေ့ဖို့လုပ်နေတဲ့ အရိပ်အယောင်တွေအားလုံး ​ပျောက်ကွယ်သွားတော့တယ်။
သူကဒီလိုပဲ ဖြစ်စေချင်သည်တဲ့လား။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပေမယ့် ရေရာတဲ့အဖြေတစ်ခု
ရမလာခဲ့။
သေချာတာက သူ့အပေါ် bossက အေးစက်နေတာတော့ မလိုလားတာအမှန်ပဲ။
ဒါဆို သူဘာတွေမျှော်လင့်နေမိတာလဲ။
ပင်လယ်ကပြန်လာတဲ့ညကလို နွေးထွေးတဲ့အကြည့်တွေလား။နူးညံ့တဲ့အနမ်းတွေလား။
ဟင့်အင်း မဖြစ်နိုင်ပါဘူး။
ဒီလိုအရာတွေကို ချစ်သူရည်းစားတွေမှ မျှော်လင့်လို့ရတာလေ။သူနဲ့bossက ဘာမှမဟုတ်ပဲ။
နောက်ပြီး သူbossကိုမချစ်ဘူး။

Kiss Me Darling(Completed)Donde viven las historias. Descúbrelo ahora