(၄)

462 75 7
                                    

Unicode

"ဟဲလို........"

"အင်းသိပြီ ကျွန်တော်ပြန်လာခဲ့မယ်.."
တစ်ဖက်က စကားသံကြောင့်သူ့မှာ လုပ်လက်စအလုပ်
တွေအား ပစ်ထားခဲ့ကာ အိမ်ကိုအမြန်ပြေးရပြန်သည်။

------------------------------------------------------
"ကြီးမေကလည်း ဘာလို့ယောင်းကိုဖုန်းသွားဆက်
တာလဲလို့ ယောင်းလာရင် ဟိုငယ့်ကိုဆူတော့မှာဘဲ"
ဆူပုတ်ပုတ်မျက်နှာလေးနဲ့ တစ်ကယ်ပင်
ယောင်းလာရင် အဆူခံတော့မှာတွေးပြီးကြောက်နေ
လေရဲ့။

"အော်သားရယ် ကြီးမေက လှမ်းအသိပေးလိုက်တာပါ
ကွယ်.."

"ဂျောင် ဟိုဆော့ .."

"ဟင် ယောင်း ယောင်း လာနေပြီ ဟိုငယ်ကြောက်တယ် ကြီးမေ...အီးးး ဟင့်.."

"ကြီးမေ..ဟင်းးးးးးးး ကြီးမေ လုပ်စရာရှိတာ
လုပ်တော့လေ..သားကြည့်ပေးလိုက်မယ်.."
အဆိုးလေးက မဲ့မဲ့လေးရယ် မျက်ရည်တွေကရွှဲနေပြန်ပြီ
ဒါပေမဲ့ ဆူရလိမ့်မယ် အဆိုးလေးရာ။

"သုတ်ပစ်လိုက် ဖြစ်ပြီးမှ မျက်ရည်ကျမနေနဲ့
ငါမကြိုက်ဘူး အဆူခံရမှာ ကြောက်ရင်မလုပ်ခင်
အရင်စဉ်းစားလေ ဦးနှောက် က ဘာလုပ်ဖို့ထားထား
တာလဲ‌ ပြောကြည့်စမ်း.."

တိတ်တဆိတ် ဖြစ်နေတဲ့ အိမ်ထဲ သူ့ရဲ့ ရှိုက်သံရဲ့ရဲ့လေးရယ် ကိုယ့်ရဲ့ အသက်ရှုသံပြင်းပြင်း
ရယ်သာ တစ်ကယ်တမ်း သူ့မှာ အဆိုးလေးကို
ဆွဲဆက်ပစ်ပြီးတော့ကို လုပ်ပစ်ချင်တဲ့အထိဘဲ။

"မငိုနဲ့တော့ အရမ်းနာနေလား"

"အင်း  အင်း.."
ခေါင်းလေးကို တဆက်ဆက်ငြိမ့်ပြရင်း 

"ဆော့တော့ ဖြစ်ပြီပေါ့ တိတ်တော့ အနာ ဆေးထည့်
ပြီးပြီမလား..."

"ဟင့်အင်း ယောင်းထည့်ပေး.."

"ထည့်ပေးမယ် ဒီမှာ ငြိမ်ငြိမ်လေးထိုင်နေအုန်း"
ဆေးဘူးကို အမြန်သွားယူကာ အစ်ကို အဆိုးလေးကို
ဆေးထည့်ပေးရသည်။

"ယောင်း.."
ဂရုစိုက်တစိုက်လုပ်ပေးနေတဲ့ ယောင်းလူကြီး
သူစပ်သွားမှာ စိုးလို့ ယောင်းက လေတွေနဲ့လည်း မှုတ်ပေး
သေးတာ

"ဟင် ဘာလဲ .."

"ဟိုငယ် ယောင်း အပေါ်မှာ လောဘ တတ်လာမိ
တော့မယ် ထင်တယ် ဒီထပ်ပိုပြီး."
အလိုက်မသိတဲ့ သူ့ရဲ့ မျက်ရည်တွေက စီးဆင်း
လာပြန်ပြီ။

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now