(၉)

422 65 7
                                    

Unicode

"ဂျောင်ဟိုဆော့ တစ်နေရာရာကိုအလည်သွားကြမလား"

မုန့်တွေစားနေတဲ့လူကထူးထူးဆန်းဆန်းဆိုတဲ့
အကြည့်နဲ့ကြည့်လာသည်
သူကလဲသူကဘဲ အလုပ်လုပ်နေရင်းနဲ့
ရုတ်တရက်ကြီးထမေးတော့ ကြောင်သွားသည်
ထင်ပါ့။

"မင်းအလုပ်ကိုအာရုံစိုက်နေမယ်ထင်တာ"

မေးတာကိုမဖြေဘဲတစ်ခြားအကြောင်းအရာကို
ပြောလာသည် မျက်စံတွေကလည်း မတည်ငြိမ်

"မေးတာဖြေစမ်းပါ သွားမှာလားမသွားဘူးလား
Yes or No"

မေးနေပုံကရူးပစ်ချင်စရာ မျက်မှန်အောက်က
ခပ်စူးစူးအကြည့်ကလဲရူးပစ်ချင်စရာ
ရင်အုပ်ကျယ်ကျယ်ကြီးကလဲ ခို၀င်ချင်စရာ
ပြည့်စုံလွန်းနေတာ အရမ်းဘဲ သူကဘာလို့အဲ့လို
မဖြစ်ရတာလဲ ကင်ထယ်ယောင်းက သိပ်မနာလိုစရာ
ကောင်းတာဘဲ။

"သွားးမယ်လေ မဟုတ်တောင် ပျင်းနေတာ
ရယ် သွားတော့ကောင်း‌တာပေါ့"

အဖြေကိုကြားတော့အပြုံးမဆိုသောအပြုံးက
လေးထောင့်ပုံနှုတ်ခမ်းပေါ်ထက်၀ယ် ချိတ်စွဲလာသည်။

"ဒါနဲ့ ရက်ရှည်လားရက်တိုလား"

"နေချင်သလောက် နေလို့ရတယ်"

ထယ်ယောင်းအနေနဲ့ ရက်တိုထွက်ကြမယ်လို့
စဉ်းစားခဲ့တာ အမှန်ဖြစ်သည် ပျော်နေသူကြောင့်
ထင်ပါရဲ့ စကားတွေတောင်မှားကုန်သည်

"ကောင်းတယ် ကောင်းတယ် ဘယ်နေ့လဲ
ဆိုတာ‌လဲပြောအုန်း အ၀တ်တွေ၀ယ်ချင်လို့"

"အင်း ဒီတစ်ပတ် စနေနေ့ သွားကြမလား"

"အာ ဒီနေ့ကြာသာပတေးနေ့လေ မလိုတော့ဘူး
ပြင်ဆင်ရမယ် အ၀တ်တွေလည်း၀ယ်မယ်
မျက်နှာလိမ်းတဲ့ဟာရယ် တစ်ကိုယ်လုံးလိမ်းဖို့လိုးရှင်းရယ်
၀ယ်ရမယ် "

ပစ္စည်းနာမည်တစ်ခုချင်းစီရေရွှတ်ကာ
မှတ်နေသည်။

"အခုတော့အိပ်ရမယ်"

မုန့်စားထားတဲ့လက်တွေမဆေးဘဲအပျင်းကြီးနေ
ပြန်ပြီ

"လက်လေးဘာလေးဆေးအုန်း သွားလဲတိုက်
နော် အသက်ကြီးမှသွားပိုးတွေစားနေမယ်"

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now