Unicode
"သွားရအောင် မောင်.."
ထွက်လာတဲ့အဝါရောင်လုံးလုံးလေးက
သိပ်ချစ်ဖို့ကောင်းနေသည် အကြီးတစ်ယောက်လို့တောင်
မထင်ရပေ။"မောင့် အဝါရောင်လေးကချစ်ဖို့ကောင်းလိုက်တာကွာ.."
ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ သူ၏အဝါရောင်လေးက
အလိုက်တသိခို၀င်လာသည်"ညရှုခင်းတွေထက် မောင့်ဝါဝါလေးကပိုချစ်
ဖို့ကောင်းနေတာ့ မနာလိုကြတော့မှာဘဲ..""မောင်လည်းဘာထူးလဲ လူတွေက မောင့်ကိုကြည့်
ကြတော့မှာ ဘာလို့ဒီလို၀တ်ထားရတာတုန်း.."ငြူစူကာပြောလိုက်တာကို သေချာပေါက်မောင်အသဲ
အသားယားပါစေ ပြီးတီရှပ်အဖြူရောင်ပေါ် ကုတ်ထပ်ထားတာမို့
ခန့်ချောကြီးဖြစ်နေတာလည်း မောင့်အပြစ်မဟုတ်
မောင့်ကိုကြည့်ချင်နေတဲ့သူတို့အပြစ်တွေသာ။"မောင်ကရိုးရိုးဘဲ၀တ်ထားတာပါအချစ်ရဲ့.."
တစ်ယောက်တစ်လှည့်စကားတွေပြောရင်း
လမ်းလျှောက်လာလိုက်တာ လမ်းထိပ်ပင်ရောက်နေ၏"မောင် ချစ်တယ်.."
"မောင်လည်းထပ်တူ ချစ်တယ်.."
အဝါရောင်လေး၏ နှုတ်ခမ်းတစ်စုံကို
မြတ်နိုးမှုနဲ့နမ်းရှိုက်ဖို့လည်းမမေ့ အချစ်ကိုယ်တိုင်လည်း
မောင့်လည်တိုင်ကိုဖက်တွယ်ထားဖို့မမေ့ဘယ်လိုခက်ခဲတဲ့ပြဿနာတွေဖြစ်နေပါစေ
အချစ်ကိုမထားခဲ့ဘူးလို့ နှလုံးသားထဲကရော
ဦးနှောက်ထဲကပါ အသေချာကိုမှတ်သား
ထားလိုက်သည်။လူတွေနဲ့မို့အနမ်းပေးတာကို ဒီလောက်နဲ့ပင်
ရပ်လိုက်ရသည်.
.
.
"မောင်သိလား *ကျောက်စာတစ်ချပ်ရေးရင်
အချက်ငါးချက်နဲ့ပြည့်စုံရတယ်တဲ့*..."
ရုတ်တရပ်ကြီး ကျောက်စာအကြောင်းတွေပြောနေတဲ့
အချစ် သူနမ်းတာများလွန်းလို့
မေ့သွားပြီလားတောင်ထင်ရ၏"အချစ်ကလေးဘာတွေပြောနေတာလဲ မောင်နမ်းတာ
များသွားလို့ ဒီဦးနှောက်ကလေးမေ့သွားပြီလား..""နားထောင်စမ်းပါ အချစ်ကဗျာပေးမလို့.."
ဟုတ်ကဲ့ပါဆိုပြီး ပါးစပ်ကိုပိတ်သလိုလေးလုပ်ပြတော့
ပြောပြလာသည်ကိုမျှော်လင့်စောင့်စားပေး
နေမိသည် အလိုတော်ကျပေါ့ ချစ်ရသူစိတ်ချမ်းရင်
ပြီးပါစေဆိုပြီး သတ်မှတ်ထားတဲ့ကျွန်တော့်ဘ၀အကြောင်း
ဘယ်သူတွေမှသိဖို့မလိုတာကိုတော့
ထွေထွေထူးထူးရှင်းပြမနေတော့ပါ
.
.
.

YOU ARE READING
ချစ်ခြင်းမမည်သော (Complete)
Fanficအဆိုးအပေလေးပြောခဲ့တာစကားလှလှလေးတစ်ခွန်းတည်းရယ်သာ "ချစ်နေယုံမှအပ ဘာများတတ်နိုင်အုန်းမှာလဲ" တဲ့ Author:seokjinkim1999 Start: June 21 2022 End:.....