(၁၅)

334 49 4
                                    

Unicode

မနက်ခင်းပင်ကျော်လို့နေ့လည်ခင်း တစ်နာရီ‌ရှိနေပြီသာ
ဒါကိုထယ်ယောင်းဆိုသူကအခုထိမချော့သေးပါ
ဘယ်လိုဘဲဖြစ်နေပါစေလေ ချော့မဲ့တာ၀န်က
သူ့တာ၀န်မလား အချော့လေးတော့ခံချင်တာပေါ့။

"ကျွန်တော်ဘယ်လိုလုပ်မရလဲ hyung"
သူ့အချစ်တော်ကိုချော့ဖို့အရေး အစ်ကိုဖြစ်သူဆော့ဂျင်နား
နားပူနားစာလုပ်နေခြင်း မချော့ဖူးတာလဲမဟုတ်ဘဲ။

"ဟေ့ကောင် မင်းလင်မင်းချော့စမ်းပါကွာ
ငါ့နားတွေပူလွန်းလို့ တစ်ခါတစ်လေလေးလာလည်ပါတယ်
နား‌ေ‌အးအေးနေပါရစေ.."

ထယ်ယောင်းလည်းချော့ချင်ပါတယ်
ခါတိုင်းလိုစိတ်ဆိုးစိတ်ကောက်တာဆိုတစ်မျိုး
အခုဟာကတွေးရင်းရူးပါရူးချင်လာသည်။

"မင်းကလဲကွာဖြေးဖြေးချင်းချော့ကြည့်မရရင်လဲ
အကြမ်းနည်းလေးသုံးပြီးသာဆွဲချော့ပစ် ဘာခက်တာမှတ်လို့"

အပြော‌သာအလွယ်လေး အကြမ်းနည်းသုံးမှအနိုင်ကျင့်ပါတယ်
ဆိုပြီးအိမ်ပေါ်ကဆင်းသွားမှ ကင်ထယ်ယောင်းတို့
အသည်းတွေကွဲပြီးကျန်နေခဲ့ အဲ့ခါမှဒုက္ခလှလှလေး
တွေ့မှာဖြစ်သည်။

"မဖြစ်ပါဘူး ဆော့ဂျင်hyungရာကိုယ့်ဘာသာ
စဉ်းတော့မယ်..."

စဉ်းစားမယ်သာပြောတာအကြံဉဏ်ကမထွက်လာ
အခုချိန်ကျ ဦးနှောက်ကသုံးစားမရ မဟုတ်တဲ့နေရာတွေကျ
ထွက်လာပါလိမ့်မယ်။

အခန်းထဲ၀င်လာတော့ တွေ့ရပါတယ် ဖုန်းကြည့်နေတာ
ထယ်ယောင်းကိုမြင်တော့ နှုတ်ခမ်းကိုလည်းစူထားသေးသည်
ထို့အပြင် မျက်စောင်းပါအဆစ်ထိုးတာကပါသေး
.
.
.
.
"ချစ် အသဲလေး .."
ကိုယ့်ကချော့နေတော့ဟိုဘက်လှည့်သွားသူလေး
ဟိုဘက်လိုက်ချော့တော့လည်းဒီဘက်လှည့်သွားသူ

"ချစ်ကလေး မောင့်ကိုခွင့်လွှတ်ပါကွာ
ချစ်ကို နည်းနည်းလေးတောင်မှ
အထိခိုက်မခံနိုင်ဘူး အဲ့ကလေးလေးတွေနဲ့ယှဉ်တဲ့အခါ
မောင်ကလေ အချစ်ကိုသာ အချစ်ဆုံး‌မောင့်ကိုနားလည်
ပေးနိုင်မလား ဟင်..."
.
.
.
"ဒါပေမဲ့ ငါကမောင့်ကိုမိသားစုလေးပေးချင်တာ.."
မိသားစုဆိုတဲ့စကားကြားတဲ့အခါ ‌ရင်ထဲ
အနွေးလှိုင်းကဖြတ်သန်းစီးဆင်းသွားသည်။

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now