(၇)

483 76 18
                                    

Unicode

ထယ်ယောင်းဆိုတဲ့ လူက သူဖြစ်တာကို ဖြစ်အောင်
လုပ်ပေးတတ်တဲ့လူမျိုး ဂရုစိုက်ပေးတယ် စိတ်ချမ်းသာ
အောင်ထားပေးတယ် တစ်ခါ တစ်ခါ ထယ်ယောင်း
ကကိုယ့်ကို ချစ်နေတာလားလို့တောင်ကိုယ့်ကို
ကိုယ် ပြန်မေးမိတဲ့အထိ။

မချစ်ပါဘူး သူ့မျက်၀န်းအစုံတွေကပြောနေတယ်
ဂရုစိုက်ပေးတာ စိတ်ချမ်းသာအောင်ထားတာ
ကိုယ်ကသူ့ရဲ့အိမ်ထောင်ဖက်ဖြစ်နေလို့။

မချစ်ဘဲနဲ့များ ဘာလို့ကိုယ့်အမျိုးသားလို့သုံးနှုန်း
နေရသေးလဲ
"မရှက်ပါဘူး ရီတိုင်းရှက်တာမှမဟုတ်ဘဲ ကိုယ့်အမျိုးသား
ကိုကြည့်တာ ဘယ်သူ့ကိုဂရုစိုက်ရမှာတုန်း"
ထိုစကားသည် ဒီတိုင်းပြော‌မဲ့လည်း သူ့ကို မချစ်ဘဲ
ဒီလိုကြီးပြောမှဖြစ်မှလား။

"သွားပေါ့ ဘာလုပ်ရမှာတုန်း ဟွန့် ငါ့ကို ချော့တောင်
မချော့သွားဘူး ဘာလဲ ဘာလဲ ငါသူ့ဆီကအချော့ခံချင်
နေတာလား မဟုတ်သေးပါဘူး အားးးး"
ခေါင်းအုန်းတွေ တစ်ခုချင်းစီပစ်ပေါက်လိုက်သည်
တစ်ကယ်လည်းစိတ်တွေတိုရတာ အမော
မချစ်ဘူးဆိုပါစေအုန်း ကိုယ့်မျက်နှာညိုးကျသွားတာ
လေ မရရအောင်မေးပြီးချော့ရမှာပေါ့။

မဟုတ်ပါဘူး ငါကဘဲ အတင်းနှင်လွှတ်ခဲ့တာကို
ချီးးးဘဲ သေလိုက်ပါတော့လား ဂျောင်ဟိုဆော့ရယ်
နှင်ထုတ်နေပြီးမှ ‌အချော့ကခံချင်နေသေးတယ်။

_______________________________________
ထယ်ယောင်း နေ့လည်စာဆေးသောက်ဖို့ရန်
ကိုကိုအဆိုးလေး အခန်းကို လာလိုက်သည်
တံခါးဖွင့်၀င်လိုက်တော့ ခေါင်းအုန်းတွေက
နေရာအနှံ့ ရှ်ိနေသည်။ လူကတော့ ကွေးကွေးလေး
အိပ်နေသည်။

"ထအုန်း ဆေးသောက်ရအုန်းမယ် "

"အွန်းးး "
အွန်းပြောပြီး မျက်၀န်းအစုံက ပွင့်မလာခဲ့

"ထအုန်းလို့ ဆေးသောက်ချိန်ကျော်သွားမယ်
ထ ထ"

"ထပါပြီဆိုနေ ဟွန့်."
အိပ်ချင်မူးတူး မျက်နှာလေးက ကိုယ့်ကို စိတ်တိုပြီး
ထလုပ်တော့မဲ့ပုံ.။

"ဆူပုတ်မနေနဲ့ ဆေးသောက်ရမှာမလို့နိုးနေတာ"

"ဘယ်မှာဆူပုတ်နေလို့လဲ သူဘဲ ပွစိပွစိ
အနားနားလာပြောနေပြီးတော့"
တကယ်တကယ် လက်ပါလန်တယ် စွာစိနေရော
ပြန်ပြောနေတာ။

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now