(၁)

1.2K 101 11
                                    

ဒီနေ့ ရာသီဥတုကလည်း သိပ်ကိုငြိမ်တယ် မြင်တွေ့
နေရတဲ့ အရာတွေကလည်း ပုံမှန်ပါဘဲ
အနားနားမှာ သာလိကာလေး တစ်ကောင်က လွဲရင်
ပေါ့ဗျာ။

""တော်ပါတော့ကွာ ငါ့နားတွေငြီးလွန်းလို့
နားတွေလည်းကွဲထွက်တော့်မယ်"

"ဟွန့် ဟိုလေးငယ်ပြောတာ ယောင်းလူကြီးကမှ မကြားဘဲ
ကို အာ့ကြောင့် ဟိုလေးငယ်က ခဏခဏပြောနေတာလေ"

ယောင်းလူကြီးတဲ့ ဟုတ်ပါတယ် သူက အဲ့အတိုင်းခေါ်
တာ တစ်ကယ်တော့ သူက စိတ်ဝေဒနာသယ်သပ်သပ်
သာ ကိုယ့် ထက်တော့ သူက ပိုပြီးကြီးတာပေါ့ ကားတိုက်မှု
ဖြစ်ပြီးကတည်းက ခေါင်းထိခိုက်သွားတာ အခုထိ ပြန်
မသက်သာလာသေးဘူးဘဲ ဆိုပါတော့။

"ယောင်း စိတ်ညစ်နေပြီလားဟင်"

"ဟာ ယွန်းငယ် ငါ့ကိုလေ ယောင်းလူကြီးက ဆူတာ"
အဲ့တာသာ ကြည့်တော့ နည်းနည်းလေး ပါးစပ်ပိတ်
သွားယုံလေးပြောမိတာကို အကဲတွေပိုကာ ယွန်းငယ်ရဲ့
ရင်ခွင် ၀င်ပြီး ချွဲနေလိုက်တာများ ပတ်ကျိကျနေရော။

"အွန်း ဟုတ်လား အာ့ဆို ယွန်းငယ်က ယောင်းကိုပြန်
ဆူပေးမယ်နော် ဟိုလေးငယ်"

"ဟင့်အင်း မဆူရပါဘူး ယောင်းလူကြီးကို မဆူနဲ့
ဟိုလေးငယ်က ယွန်းငယ်ကို ဒီတိုင်းပြောပြတာပါ နော် ယွန်း
ငယ်"
သူတို့ စကားပြောနေတာ ကိုယ်က အပိုလူတစ်ယောက်
လိုသာသာပါဘဲ သူတို့ မောင်နှမတွေလေ ယွန်းငယ်က
ဟို တစ်ယောက်ထက်ငယ်တာ ယွန်းငယ် ခမျ သူ့ကို
အကြီးတစ်ယောက်လို ပြောဆို ဆက်ဆံပေးနေရတာ။

"ဟိုလေးငယ် ခဏနေ ဒေါက်တာ ဂျင်လာတော့မှာ အပေါ် မှာ သွားနေတော့နော်"

"တစ်ကယ်လား ဂျင်ဂျင်လာတော့မှာဆိုတော့ သွားပြီ
ယောင်းလူကြီး တာ့တာ ခ်ခ်"

အပေါ်ထပ်ကို ပြေးတက်သွားလိုက်တာ မှောက်
လဲရင်တော့ မတွေးရက်စရာဘဲ။

"ယောင်း ယွန်းငယ်ကဘဲ တောင်းပန်ပါတယ်နော်
အစ်ကို့ ကို သည်းခံပေးပါအုန်း"

"ယွန်းငယ်ကလည်း ပြောနေစရာလိုသေးလို့လား
တစ်ခါတစ်လေတော့ အနားနားမှာ ပွစိပွစိပြောတတ်
နေတာကလွဲလို့ပေါ့"

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now