Unicode
မရောက်တာကြာပြီဖြစ်တဲ့နယ်မြေ တစ်ဦးတည်းသော
သူကြောင့် ဒီကိုနောက်တစ်ခေါက် ခြေပြန်ချခဲ့တာ
ကြောင့် လူနဲ့အနည်းငယ် စိမ်းသက်နေယုံက
လွဲပြီးသူ အဆင်ပြေနေသည်။"အိမ်မပြန်ဘဲ နီးရာကမ်းခြေတစ်ခုကို
အရင်သွား လိုက်"ကားသည်အိမ်ဆီသို့သွားမဲ့လမ်းကြောင်းကို
ပြောင်းပစ်ခဲ့သည် ခေါင်းနောက်စရာအိမ်ကို
သူမပြန်ချင်ဘူးလေ။ခေါင်းကိုနောက်သို့လျောလန်ရင်း
သူ့ခေါင်းထဲပေါ်လာတာ အတိတ်ကအကြောင်း
တွေချည်း စိတ်ပျက်စရာသိပ်ကောင်းတာဘဲ။"အစ်ကို့နာမည် အွန်းထယ်ဂျူလား"
"အစ်ကိုထယ် ငယ်လေးကိုလိုက်ဖမ်းပါ"
"အစ်ကိုထယ် အစ်ကိုထယ် လို့"
နားထဲကြားယောင်နေတဲ့အသံက စိတ်ပျက်စရာ
အိမ်မက်တစ်ခုလို အွန်းထယ်ဂျူအတွက်
ကြောက်စရာကောင်းနေတုန်း။[အချစ်တွေသည် တစ်ဖြည်းဖြည်းတတိတိတိုက်စား
နေတဲ့ *ချကောင်*လိုစိတ်ပျက်ရွံ့စရာအကောင်လိုပင်
ဖြစ်သည်]_______________________________________
"မနက်စားသွားစားကြတော့မလား
ဟိုဆော့"လုံးလုံးလေးအိပ်နေသူကို နောက်ပါးကနေ
ခပ်တိုးတိုးအသံလေးဖြင့်ပြောနေသည်"နိုးးးးးးမစားဘူး ငါအိပ်ချင်သေးတယ်"
"နှမြောစရာဘဲ"
အဆက်အစပ်မရှိတဲ့စကားကြောင့် စောင်ပုံထဲက
လူလည်သည် ချက်ချင်းထလာသည်"ဘာကိုနှမြောတာလဲ အဆက်အစပ်မရှိ"
"ကိုယ်ကဟိုဆော့ပျော်အောင်လို့
ဒီလိုအလည်ထွက်လာတာလေ ဟိုဆော့က အခုလိုဘဲ
အိပ်နေတော့ အချိန်တွေက နှမြောစရာကြီးလေ
ဟုတ်တယ်မလား"အကျိုးအကြောင်းစီလျော်စွာပြောတော့လည်း
ခေါင်းလေးတစ်ငြိမ့်ငြိမ့် ထောက်ခံပြန်သည်"အဲ့တာဆို အပြင်ထွက်ကြမယ်လေ ခဏစောင့်
ငါမျက်နှာသစ်အုန်းမယ်"ဖြေးဖြေးလုပ်လို့ပြောမလို့ရှိသေးတယ်
စပ်စလူးစိန်ကာ ပြောစကားကိုနားမထောင်
သူလုပ်ချင်တာ လုပ်နေတော့သည်။
![](https://img.wattpad.com/cover/313954277-288-k241985.jpg)
YOU ARE READING
ချစ်ခြင်းမမည်သော (Complete)
Fanficအဆိုးအပေလေးပြောခဲ့တာစကားလှလှလေးတစ်ခွန်းတည်းရယ်သာ "ချစ်နေယုံမှအပ ဘာများတတ်နိုင်အုန်းမှာလဲ" တဲ့ Author:seokjinkim1999 Start: June 21 2022 End:.....