(၅)

490 71 17
                                    

Unicode

"ယွန်းငယ် အစ်ကိုနဲ့ ယောင်းကို လက်ထပ်ပေး
ခဲ့တာ အလကားမဟုတ်ဘူး စောင့်ရှောက်ပေးဖို့
စိတ်ချမ်းသာအောင် ထားပေးဖို့လေ လူတစ်ယောက်
တောင် မစောင့်ရှောက်နိုင်ဘူးလား ယောင်း.."

‌ဒီလိုအပြောခံနေရမှာထက် ရိုက်လိုက်တာကပိုပြီး
တော့တောင် သူ့အတွက်အဆင်ပြေမယ်အုန်းမယ်
ထင်တယ်
ကုတင်ထက် ဆေးပိုက်တန်းလန်းနဲ့ လူကောင်သေးသေး
က သူ့ကြောင့် ဖြစ်ရသည်တဲ့လေ ။

"ယွန်းငယ်သိပ်မှားသွားတယ် ဟိုငယ့်ကို ယောင်း
မချစ်ခဲ့တော့ နည်းနည်းလေးတောင် ဂရုစိုက်ခဲ့တာ
မဆန်းပါဘူး."

"မလွန်လာနဲ့ ယွန်းငယ် မင်းစကားတွေက
ဘယ်အတိုင်းအတာ ထိရောက်နေပြီလဲ မင်းသိလား
ငါ မချစ်ဘူး ဒါပေမဲ့ မင်းအစ်ကိုကို စိတ်ချမ်းသာအောင်
ထားခဲ့တာကြည့်ဘဲ ."

"ဒါတွေ ယွန်းငယ် မြင်ရတဲ့အရာတွေမှမဟုတ်တာ
နောက်ပြီး အစ်ကို ပြန်ကောင်းလာရင်သာ
ကွာရှင်းဖို့ ပြင်ထားပေးပါ ထယ်ယောင်း.."

ဒါဘာစကားလဲ သူတို့ကအိမ်ထောင်ရေးတစ်ခုကို
ကစားစရာလို သတ်မှတ်ထားတာလား

"ဘာကိစ္စဘာအကြောင်းနဲ့မှ ကွာမရှင်းပေးနိုင်ဘူး
ဂျောင်ယွန်းငယ် မင်းက မင်းအစ်ကိုနဲ့ဆိုင်ဘဲ
ဆိုင်တော့တာ မပိုင်တော့ဘူး မင်းအစ်ကိုက
ငါ့အပိုင် ငါ့‌ခင်ပွန်း ."

အချစ်ရေးတွေနောက်ထား အိမ်ထောင်ရေးတစ်ခုက
လွယ်လွယ်ဖန်တီးလို့မရသလို လွယ်လွယ်နဲ့
ဖျက်စီးဖို့လည်းမဟုတ်ဘူး။

"မှတ်ထားလိုက်ပါ့မယ် ထယ်ယောင်း အစ်ကိုသာ
ပုံမှန်လိုပြန်ဖြစ်လာရင် ‌ထယ်ယောင်းလိုလူမျိုးနဲ့
ဆက်ပြီးပေါင်းသင်းနိုင်ပါ့မလား.ဟက် ယွန်းငယ်တော့
မထင်ဘူး.."

"ပုံမှန်ပြန်ဖြစ်လည်း မင်းအစ်ကိုက ငါ့ခင်ပွန်းဖြစ်နေ
အုန်းမှာ ကွာရှင်းချင်တယ်ဆိုဘဲထားပါအုန်း
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်ဆိုတာလည်း
မှတ်ထား..အခုတော့ ငါ့ခင်ပွန်းအနားမှာနေမလို့
မင်းပြန်လို့ရပြီ.."

ပုံမှန် ဖြစ်လာသည်‌ဖြစ်စေမဖြစ်သည်ဖြစ်စေ
ဒီအဆိုးလေးက ငါ့အပိုင်ဖြစ်နေအုန်းမှာ
ငါ့ဘ၀ထဲကို ခွင့်ပြုချက်မရှိဘဲ ၀င်လာလို့ အပြစ်ဒဏ်
ခတ်ပေးလိုက်တာလို့ဘဲ သတ်မှတ်လိုက်မှာ။

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now