(၁၁)

405 56 31
                                    

Unicode

အလုပ်ပုံထဲနှစ်ပြီးခေါင်းကုတ်လိုက် ဟိုလုပ်လိုက်
ခေါင်းကုတ်လိုက် ပါးစပ်ကတောက်စ်ခေါက်တာ
ကအဆစ်ပါသေးတယ်

ဟို့ဆော့နဲ့လျှောက်လည်ပြီးပြန်လာတော့
ကင်မ်ထယ်ယောင်းတစ်ယောက် ဗရုတ်သုတ်ခ
တွေကိုဖြစ်ကုန်သည်။

"အင့် မင်းကြည့်ရတာ မြင်မကောင်းလို့နွားနို့
ခွက်လာပို့ပေးတာ"

လက်ထဲကနွားနို့ခွက်ကိုလှမ်းယူလိုက်ပြီး
ကျေးဇူးဆိုတဲ့စကားတစ်ခွန်းပြောလိုက်သည်,

"ငါဘာလုပ်ပေးရမလဲအဆင်ရောပြေရဲ့လား
တစ်ယောက်ထဲခေါင်းရှုပ်မခံပါနဲ့ အဆင်မပြေရင်
ငါ့ကိုပြောလို့ရတယ် ငါ ငါတတ်နိုင်သလောက်ကူညီ
ပေးမှာပါ"

အဲ့တာတွေဘဲစိတ်ထားကတော့ကောင့်ပါပေ့
ဂျောင်ဟိုဆော့ရယ် မလုပ်တတ်ဘူးဆိုပါစေအုန်း
တော့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
မေးဖော်လေးရှိတော့ ကောင်းတာပေါ့။

"ရပါတယ်ဟျောင်းရ အိပ်ချင်သွားအိပ်လေ
ကျွန်တော်အဆင်ပြေပါတယ်ဗျာ"

မျက်မှန်ကိုပင့်တင်လိုက်ပြီး အပြုံးလေး
အဆင်ပြေကြောင်းလှမ်းပြောလိုက်သည်
အိပ်ချင်နေတာ အသိသာကြီးလေ
မျက်လုံးကိုနီရဲလို့။

"အင်း ဒီ‌နားလေးမှာအိပ်လို့ရလား"

"ကုတင်ပေါ်မှာသာသွားအိပ်ပါ ဟျောင်း
ခန္ဓာကိုယ်တွေညောင်းလိမ့်မယ်"

"ရပါတယ် ငါ ငါ မင်းနဲ့အတူတူအိပ်ယာ၀င်
ချင်လို့"

ဒီအမူအရာလေးတွေချစ်ဖို့ကောင်းပါသည်
စိတ်လှုပ်ရှားနေတယ် ဆိုတာကိုလည်း
သူ့ရဲ့လက်ချောင်းလေးတွေကသက်သေပြနေသည်။

မငြင်းရက်ပါဘူးလေ ကိုယ်လည်းအလုပ်လုပ်
သူ့ကိုလည်း ကြည့်ရအဲလေ မှားကုန်ပါပြီ
ကင်မ်‌ထယ်ယောင်းရယ် ။

"အိပ်လေ ကျွန်တော် မြန်မြန်လုပ်လိမ့်မယ်နော်"

ကီးဘုတ်ထက် ထယ်ယောင်းသူ့ရဲ့
လက်ချောင်းတွေလျင်မြန်စွာလှုပ်ရှားနေသည်
စောင့်နေတဲ့သူရှိတယ်မလား
သူလည်းခပ်မြန်မြန်လုပ်ရမှာပေါ့။

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now