(၈)

439 74 18
                                    

Unicode
*ချစ်တယ် ဆိုတဲ့စကားက ကျွန်တော်တို့
ကြားမှာလိုအပ်သလိုလိုထင်ရပေမဲ့
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာတွေကို
သေချာကြည့်လိုက်ရင် မလိုအပ်ပါဘူး*

________________________________________
"အရမ်းနာနေတာလား ငါ ငါ တမင်လုပ်တာ
မဟုတ်ဘူး မင်းက အရမ်းကပ်လာလို့ ငါကပြန်လုပ်လိုက်
ရတာပါ"

"အခု ကျွန်တော့်ကို ပြန်ပြီးအပြစ်တင်နေတာလား
အစ်ကိုဟိုဆော့"

နာရတဲ့အထဲသူက ကိုယ့်ကိုတောင် အပြစ်ပြန်
တင်နေသေးတယ် အံ့ပါရဲ့

"အပြစ်တင်တာမဟုတ်ပါဘူး မင်းက
အရမ်းကပ်လာတာလေ အဲ့တော့ ငါက ကန်မိ
သွားတာပေါ့ကွ"

‌"အော်အော် ကျွန်တော့်အမှားဘဲထားလိုက်ပါတော့"
စပ်ဖြီးဖြီးနှင့်ရီနေသူကို ထပ်မပြော‌ချင်တော့ တာမလို့
ငြိ့မ်ငြိမ်လေးနေလိုက်သည်။

"စိတ်ဆိုးသွားတာလား ငါ မရည်ရွယ်ပါဘူး ထယ်ယောင်းရားးစိတ်မဆိုးပါနဲ့ မင်းအဲ့လိုနေရင်
ငါ ငါ မနေနတတ်ဘူး"

"မဆိုးဘူးဆိုဗျာ ရှုံ့မဲ့ရှုံ့မဲ့လုပ်မနေနဲ့နာရတဲ့အထဲ"
ထိုသို့ပြောလိုက်တော့ တစ်ချက်ထဲပင်
ပါးစပ်ပိတ်ကျသွားလေသည်။

"အင်း အင်းပါ အာ့ဆိုဆေးလိမ်းပေးမယ်လေ"

"အမယ်လေး ငါ့ခေါင်း ငါ့ခေါင်း
ဂျောင်ဟိုဆော့ရူးနေလား ဟမ် အဲ့နေရာကိုဘယ်လိုဆေး
လိမ်း‌ရမှာလဲခင်ဗျားက"

"ငါ ငါ.."

ထယ်ယောင်းသည် ချက်ချင်းပင် လူယုတ်မာစိတ်ကလေး
က၀င်လာသည် စလိုက်ရရင်တော့ ရဲရဲတောက်နေတဲ့
ပါးပြင်လေးကို မြင်ရမှာဘဲလေ
သူ့အတွေးနဲ့တော့ဟုတ်နေသည်။

"ကဲ လိမ်းပေးချင်တယ်မလားလာလေ လိမ်းပေး
ကိုယ့်တာ၀န် ကိုယ်ယူသင့်တာမဟုတ်ဘူးလား"

တစ်နေ့တစ်မျိုးမရိုးရအောင်စားထားတဲ့ ပါးပြင်ခပ်မို့မို့
လေးက ထင်ထားတဲ့အတိုင်းရဲတက်လာသည်။

"အာ မဟုတ်သေးဘူးလေ ဒီတိုင်း ဒီတိုင်း..ငါက ငါကလေ"

"ကြာတယ်ကွာ လိမ်းပေး ကိုယ်လုပ်ထားတာဘဲ
အနည်းဆုံးတော့ လုပ်ပေးသင့်တာပေါ့ မဟုတ်ဘူးလား
ဟင်၊.."

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now