(၆)

479 78 18
                                    

Unicode

အဖြစ်အပျက်တွေကမြန်လွန်းလိုက်တာလို့
တွေးမိပါရဲ့ ဒီလိုနေရာနဲ့ နည်းနည်းလေးတောင်
မလိုက်ဖက်ပါဒီလူသားလေးနဲ့ပေါ့ အေးစက်စက်
လက်ကလေးကို ဆုပ်ကိုင်ထားရင်း အပြင်ကိုငေး
ကြည့်နေမိသည်။

စိတ်တွေက အငွေ့တစ်ခုလိုဘဲ အခုဒီနေရာရောက်
နေရင် တစ်စက္ကန့်တောင်မကြာလိုက် ဟိုနေရာကို
ရောက်သွားပြန်သလိုမျိုး။

"ရော့ ကော်ဖီ"
သူမလှမ်းပေးလာတဲ့ အငွေ့တစ်ပျံ့ပျံ့နဲ့ကော်ဖီ
တစ်ခွက် ကျေးဇူးလို့ပြောပြီး စောနကဆုပ်ကိုင်ထားတဲ့
လက်ကလေးကိုလွှတ်လိုက်ပြီး ကော်ဖီကိုတစ်ငုံသောက်
လိုက်သည် သို့သော် လည်ချောင်းထဲတစ်နေသည့်
ကော်ဖီအရည်တွေ မြိုမကျနိုင်ပါ ။

"နည်းနည်းဖြစ်ဖြစ်သောက်ကြည့်အုန်း နင့်ကို
ကြည့်ရတာ လဲကျတော့မဲ့လူလိုဘဲ.."
သူမပြောလိုက်တော့ ယောက်ကျားဆန်ဆန်နှုတ်ခမ်း
ပါးလေးက ကွေးတတ်သွားသည် သူ့ကိုယ်သူ
အဲ့လောက်ထိရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့လေ။

"တော်ပြီ ပိုပြီးသောက်လေ ပြန်အန်ထွက်လာမှာ
စိုးလို့"
သူမထပ်မပြောဘဲ သူ့ဘေးကနေရာမှာလာထိုင်ပြီး
သူထပ်ပြီးဆုပ်ကိုင်ထားလက်ကလေးပေါ် ကိုင်လာခဲ့သည်။

"ငါလေ ငါ့အစ်ကို စိတ်ချထားခဲ့တာ ‌ထယ်ယောင်း
လိုလူမျိုးနဲ့ဆို ငါ့အစ်ကိုကပျော်ရွှင်နေရမှာဆိုပြီးတော့
လေ တစ်ကယ်တော့ ငါနောက်မှသိလိုက်ရတာက
နင့်အမှားမဟုတ်ဘဲ ငါ့အမှား‌ဖြစ်နေတာကိုလေ
ငါအတင်းအကျပ်လက်ထပ်မပေးခဲ့သင့်ဘူး.."

သူမစကားတွေအများကြီးပြောခဲ့သည်
ဘယ်လိုဘဲဖြစ်ပါစေ ဟိုဆော့ဆိုတဲ့လူသားကို
သူ့လက်ထဲစိတ်ချလက်ချ အပ်ထားခဲ့ဘဲလေ
သူမကိုအပြစ်မတင်ပါဘူး ။

"နင်ဘယ်လို ရင်ဆိုင်မှာလဲ အရမ်းသိချင်တာဘဲ
အစ်ကိုက ပုံမှန်ပြန်ဖြစ်နိုင်ချေ အများကြီးရှိတာ
ထယ်ယောင်း.."

"ပုံမှန်ဖြစ်တယ်ဘဲထားပါအုန်း နင့်အစ်ကိုက
ငါ့ယောက်ကျားအဖြစ်ရှိနေအုန်းမှာဘဲလေ.."

"တစ်ကယ်လို့ အစ်ကိုက နင့်ကိုမုန်း.."

"မုန်းချင်မုန်းမမုန်းချင်နေ သူ့သဘောသူဆုံးဖြတ်
လိမ့်မယ် ယွန်းငယ်."
သူမနဲ့စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်
‌သူတို့ပြောသမျှအကြောင်းအရာတွေသည်
ကိုကိုအဆိုးလေးနဲ့သက်ဆိုင်သမျှအကြောင်းအရာ
ချည်းဘဲပေါ့။

ချစ်ခြင်းမမည်သော (Complete)Where stories live. Discover now