ဝဋ်ကြွေးများရှိရင် ကိုယ့်ဆီသာလာပါစေ

1.4K 237 125
                                    

မပတ်သတ်ချင်နဲ့ ယောင်းငယ်။
ဒီဝဋ်ကြွေးကျိန်စာက ကိုယ့်ကိုအဆုံးထိဝါးမြိုဖို့လုပ်ပြီးသားမို့ မင်းပါပတ်သတ်လာရင် ထိခိုက်လိမ့်မယ်။

ဒါကြောင့်မို့ ဝေးဝေးနေပါ အချစ်ရယ်။
ကိုယ်မင်းကိုမထွေးပွေ့နိုင်ဘူး။

Tale of the Moonlight

"အရှင် ဘယ်လိုဖြစ်ပြီး..."

အရှင့်၏အခေါ်တော်ကြောင့် ဆူဘင်းရောက်လာခဲ့ပေမဲ့ သူရောက်ရောက်ချင်းမြင်လိုက်ရတဲ့အခြေအနေများကြောင့်လန့်ခဲ့ရ၏။ ဒီအိမ်ကြီးရဲ့အခန်းထဲက ပြည့်နှက်နေတဲ့စွမ်းအင်တွေအပြင် သူတို့အရှင်ဟာလည်း ကြမ်းပြင်ပေါ်ရှိလဲနေသူကို မျက်ရည်တွေကျရင်းအဝေးမှကြည့်နေသည်။

စစချင်းကြောင်အခဲ့ပေမဲ့ အရှင့်အရိပ်အခြေကိုဖမ်းမိခဲ့ပြီးနောက်မှာ သူရိပ်မိခဲ့တယ်။ အရှင်ထိတွေ့ဖို့မဖြစ်တဲ့ ဒီကောင်လေးက အရှင်မြတ်နိုးရတဲ့လူဖြစ်နေတယ်ဆိုတာကိုပေါ့။

"သူ့ကိုပွေ့ချီပြိး အိပ်ရာပေါ်တင်ပေးလိုက်ပါ"

"ဗျာ"

သူခပ်တိုးတိုးရွတ်လိုက်မိတယ်။ မလွန်ဆန်နိုင်တဲ့အမိန့်အရ တံတွေးမြိုချမိလည်း သူကြမ်းပြင်ပေါ်ကကောင်လေးကို ဆူဘင်းပွေ့ချီလိုက်သည်။ ကောင်လေးကိုကြည့်မိတော့ မျက်ခမ်းစပ်လေးတွေရဲရင်း။

"ကျစ်!"

"....."

ပွေ့ချီမိပြီးကာမှ အရှင်လုပ်လိုက်တဲ့ စုတ်သတ်သံကြောင့် ဆူဘင်းဒူးတွေပါညွတ်ချင်လာသည်။ မျက်ခမ်း‌ထောင့်ကနေခိုးကြည့်မိတော့ အရှင့်ရဲ့ပြောင်းလဲသွားတဲ့မျက်နှာအမူအရာက ခက်ထန်မှုအပြည့်နှင့်။ မယုံကြည်နိုင်စရာကောင်းနိုင်လောက်အောင်ကိုလက်လှမ်းလာခဲ့ပြီးမှ ပြန်ရုပ်သိမ်းသွားခဲ့တာပဲ။

ဟုတ်ပါတယ်။ အရှင်ဟာ တားချင်တဲ့မသိစိတ်ရဲ့သဘောနဲ့လက်လှမ်းခဲ့တာပါ။ ထိုကောင်လေးကိုထိတာမကြိုက်တဲ့သဘောနဲ့ အရှင်ဟာသူ့ကိုတားဖို့ လက်လှမ်းလာခဲ့တာပါ။

"အရှင်...အရှင်ပဲ ပို့လိုက်ပါလား"

ဆူဘင်း လူသားကောင်လေးကိုပွေ့ချီထားဆဲပေမဲ့ အရှင့်ရဲ့အပြုအမူကြောင့်စိတ်ထဲမကောင်း။ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်တွေနဲ့အတူ မျက်ရည်တွေဝဲနေခဲ့သည့်မျက်ဝန်းများက သူချီထားတဲ့ကောင်လေးမျက်နှာကိုဆွေးနင့်စွာကြည့်နေသည်။

Tale of the Moonlight 𐤀 [Completed]Where stories live. Discover now