အဆုံးသတ်တွေ့ဆုံခြင်းလား ဒါမှမဟုတ် စတင်တာလား

1.3K 185 46
                                    

အတိတ်ဘဝများရောက်သွားသလားလို့တောင် မေးယူရမဲ့အထိ ဒီအိပ်မက်ကသိပ်လက်တွေ့ဆန်လွန်းတယ်။ အထိအတွေ့တွေ ၊ ရှုပ်ထွေးမှုတွေရဲ့အဖြေ‌များက ဒီပိတ်ထားတဲ့တံခါးကြီးတွေနောက်မှာရှိနေကြသလိုပဲ။ ဒိအခန်းကြီး ၊ ကနုတ်အလှအပတွေနဲ့ပြည့်နေတဲ့ ဒီအနက်ရောင်ရှေးဟောင်းအခန်းကျယ်ကြီးရဲ့အနောက်မှာပေါ့။

ဒါပေမဲ့ ဘာတွေရှိမှန်းငါမသိဘူး။

Tale of the Moonlight

အိပ်မောကျ‌နေသည့်ကလေးငယ်။ တစ်စုံတစ်ရာ၏ အခွင့်ထူးခံလူသားငယ်။
သိပ်ချစ်ရပါတဲ့ ကိုယ့်ယောင်းငယ်။

ခပ်ဖွဖွနင်းလာခဲ့သည့်ခြေသံဟာ အိပ်ရာနံဘေးမှာရပ်တန့်၏။ ကြမ်းပြင်ပေါ်မှသွေးစက်များကတော့ လာရာလမ်းတစ်လျှောက်ခြယ်သလျက် အနံ့များပေးသည်။

ပါးပြင်လေးကိုထိတွေ့ကြည့်ဖို့လှမ်းခဲ့မိချိန် ရှက်ရွံစွာမဝံ့ရဲရဲဆုတ်မိပါရဲ့။ ပါးစောင်မှာကျနေတဲ့ဒီညစ်ပေတဲ့သွေးစတွေနဲ့ ၊ စုတ်ပြတ်သတ်နေတဲ့ဒီနာကျင်မှုတွေနဲ့ ဒီပန်းလေးကို သူတကယ်ကိုထိဖို့မဝံ့ရဲလှဘူး။

"ကိုယ်တောင်းပန်ပါတယ် ကလေးငယ် မင်းကို ငရဲထဲခေါ်သွင်းခဲ့မိလို့"

ထပ်မံ‌စတင်တော့မဲ့ကျိန်စာကို ဂျောင်ကုကြောက်သည်။ ထိတွေ့လိုက်တာနဲ့ ကြွေကျသွားမဲ့ပန်းလေးတစ်ပွင့်က ငရဲမှာပွင့်လန်းနိုင်မယ်ဆိုတာ ယုတ္တိရှိရဲ့လား။ ဒီတစ္ဆေကောင်အတွက် ၊ ဒီတစ္ဆေတစ်ကောင်အတွက်လေ။

ဒါပေမဲ့ ပွင့်လန်းနိုင်မယ်ဆိုရင်တောင်မှ ကိုယ်ခွင့်ပြုနိုင်မယ်မထင်ဘူး။ မင်းဘဝလေးက လှတယ် ကလေးငယ်ရဲ့။

မျက်ရည်များက မင်းအတွက်အေးစက်လွန်းသားကွာ။ ကိုယ့်မျက်ရည်တွေမင်းပါးပြင်ပေါ် ကခုန်ကြတဲ့အခါ ထူးခြားစွာအေးစက်လွန်းတာသိပါတယ်။ အခုတောင် သွေးတွေပေနေတဲ့ကိုယ့်လက်တစ်ဖက်ကြောင့် မင်းရဲ့ပါးပြင်နုနုလေး အနီရောင်တွေပေကျံကုန်ပြီမလား။

"အချစ်ရယ် ကိုယ်ကြောက်မိပါရဲ့ မင်းကိုကာကွယ်နိုင်ဖို့ ကိုယ်ဘာတွေလုပ်ရမလဲ"

ဂျောင်ကုရင်တွေပူသည်။ မနက်ဖြန်တိုင်းရဲ့အန္တရာယ်တွေကိုတွေးရင်းပူသည်။ အပြစ်မရှိတဲ့ဒီကလေးငယ်ကို ကျိန်စာထဲမှာထပ်ပြီးရစ်ပတ်လာမှာကြောက်သည်။ အခုတောင်မှ သူမပတ်သတ်ဖို့ကြိုးစားရင်းနဲ့ကို သူ့ကြောင့် ဒီကလေးရဲ့ဝိဉာဉ် ဘယ်လောက်တောင်ပင်ပန်းနေရပြီလဲ။

Tale of the Moonlight 𐤀 [Completed]Donde viven las historias. Descúbrelo ahora