ဟောင်းခဲ့တဲ့ပုံပြင်အိုလေးတစ်ပုဒ်ရဲ့အတိတ်

883 157 23
                                    

ဘဝဆိုတာ အဓိပ္ပါယ်များစွာနဲ့လှပစွာအသက်သွင်းလေ့ရှိကြတဲ့ပုံပြင်တစ်ပုဒ်တဲ့။ ကိုယ်အဲ့လိုကြားဖူးခဲ့တယ်။

ဒါမဲ့လည်း တကယ်ကြုံလာခဲ့တဲ့အခါမှာတော့ ကိုယ်ကြားဖူးခဲ့တဲ့တာတွေက အကုန်အလိမ်အညာတွေချည်းပဲဆိုတာ ဘဝနဲ့ရင်းပြီးသိခဲ့ရပါတယ်။

Tale of the Moonlight

တစ်ရက်တစ်ရက်အချိန်တွေကုန်တာသိပ်မြန်လွန်းတယ်။ အတူရှိနေပေမဲ့ ရင်ထဲနာကျင်နေတဲ့ရင်နင့်မှုက နှလုံးသားကိုအနက်ရှိုင်းဆုံးအထိထိုးနှက်ကြတယ်။

သူရင်တွေလေးရပါရဲ့။ အချိန်ဟာ ခုနစ်ရက်ပြည့်လုတော့မယ်‌။ အဆုံးသတ်ရောက်တော့မယ်။

"ဂျွန် ငါလေ ဒီအိမ်ကြီးမှာမနေချင်တော့ဘူး"

မနက်ခင်းစောစောမြူတွေကျနေသည်။ ဆွယ်တာအဖြူလေးနှင့် လမ်းမကြီးထက်နှစ်ဦးသားအတူလျှောက်ရင်း ပြောတဲ့စကားတိုးတိုးလေးကို အနားမှာရှိနေခဲ့တဲ့သူကြားလိုက်ပေမဲ့ ဘာမှပြန်မပြောဖြစ်ခဲ့။

"ဂျွန် ငါနဲ့အတူတူလေ အဲ့အိမ်ကြီးအပြင်ထွက်သွားကြမလားဟင်"

တောင်းဆိုတဲ့ထယ့်ကိုပြန်ဖြေဖို့ ဂျောင်ကုအဖြေတွေမဲ့ရပါသည်။

အမြဲတမ်းအတွက် မင်းမေးခွန်းလေးတွေက ကိုယ့်အတွက်ဘာကြောင့်ဖြေဖို့သိပ်ခက်နေရသလဲ ယောင်းရယ်။

"ငါနဲ့အတူတူအပြင်ထွက်သွားလို့မရဘူးလားဟင် ဂျွန်"

"မျက်ရည်တွေဝဲပြီးမပြောနဲ့လေ ယောင်း ကိုယ်က....အဲ့နေရာကြီးမှာပဲနေရမဲ့ကံပါတယ်ဗျ"

အဝေးကလှမ်းမြင်နေရတဲ့အိမ်ကြီးကိုကြည့်ပြီးကာမှ ဘေးနားကမော့ကြည့်နေတဲ့ထယ့်ရဲ့ ပါးပြင်လေးကိုခပ်ဖွဖွကိုင်ရင်း ခပ်ပြုံးပြုး‌ဆိုတော့ အငိုသန်ကလေးက မျက်ရည်တွေကျသည်။ သူအချစ်ပိုရပါရဲ့။

မငိုနဲ့လေ ထယ်ယောင်း။ မျက်ရည်တွေဆိုတာ ကိုယ်ပဲကျရမဲ့အရာတွေမို့ မင်းလေးနဲ့မသက်ဆိုင်ဘူးဗျ။

"ငါဘယ်လိုလုပ်မှ ဒီကျိန်စာကပျက်မှာလဲ ဂျွန် ငါ‌ဘယ်လိုလုပ်ပေးမှ မင်းဒီကထွက်လို့ရမှာလဲ"

Tale of the Moonlight 𐤀 [Completed]Hikayelerin yaşadığı yer. Şimdi keşfedin