Hello
Tale of the Moonlightရဲ့ စာရေးသူ အက္ခရာလှိုင်းပါ။တစ်ရံရောတစ်ခါရဲ့ဂျွန်ရဲ့ပုံပြင်ဟောင်းလေးဟာ ဒီနေ့မှာတော့ပြီးဆုံးသွားခဲ့ပါပြီ။
လောကရဲ့လှည့်ကွက်တွေ ၊ မတရားမှုတွေ ၊ လူတွေရဲ့အတ္တတွေကို Once upon a time's Jeonလို့အမည်တွင်ခဲ့တဲ့ Season 1မှာဖော်ပြခဲ့ပြီးချိန်မှာ ယခု Season 2မှာတော့ လူ့လောကမှာ မိမိလုပ်ခဲ့တဲ့အမှားတွေဟာ သံသရာရောက်တဲ့အခါမှာတော့ မိမိဆီသာပြန်လာတတ်ကြောင်းပြောပြထားခဲ့တာပါ။ ဒီသဘောတရားကို အားလုံးနားလည်ကြမယ်ထင်ပါရဲ့။
မာယာများတဲ့လောကဟာ အမှားတွေနဲ့ပဲပြည့်နှက်နေကြတယ်။ လူသားတွေဟာလည်း ထိုအမှားတွေကိုသာအကြိမ်ကြိမ်ပြုလုပ်မိရင်း မှားမှန်းမသိမှားရင်း ဘဝကိုကုန်ဆုံးနေကြတယ်။ တစ်ချို့ကျတော့ ချမ်းသာမှုအတွက် ၊ မိမိအကျိုးစီးပွားအတွက် တမင်သိသိရက်နဲ့အမှားတွေလုပ်နေကြတာပေါ့။
ကိုယ်ဟာများသောအားဖြင့် ပညာပေးဇာတ်လမ်းတွေအရေးများခဲ့တဲ့လူတစ်ယောက်မို့ ဒီဇာတ်လမ်းလေးကလည်း ဤသို့သဘောလို့ဆိုရမှာပါ။
Once upon a time's Jeonမှာတော့ လောကဒဏ်ရဲ့သဘောသဘာဝတွေ ၊ လူတွေရဲ့တစ်ကိုယ်ကောင်းဆန်ပြီးရင်းဆန်ရင်း ဖြစ်ပေါ်လာတဲ့မိုက်ရူးရဲဆန်မှုတွေ ၊ အာဏာတွေက လူ့လောကမှာအရာရာဖန်ဆင်းနိုင်ကြောင်း ရေးပြခဲ့ပါတယ်။
ဒါပေမဲ့ Season 2ဖြစ်ခဲ့တဲ့ Tale of the Moonlightမှာတော့ Season 1နဲ့ လုံးဝကွဲလွဲစွာ လူတွေရဲ့အာဏာက တမလွန်ဘဝမှာတော့ အရာမထင်ကြောင်းရေးပြခဲ့တာပါ။
လူ့ဘဝတုန်းက မကောင်းတာလုပ်ခဲ့တဲ့လူဟာ သေဆုံးပြီးနောက်မှာတော့ မိမိပြုခဲ့တဲ့မကောင်းမှုအတိုင်း ကျိန်းသေပေါက်ပြန်ခံစားရမှာဖြစ်ကြောင်း ပေါ်လွင်အောင်ရေးပြချင်ခဲ့တာမို့ Tale of the Moonlightဆိုတဲ့ Season 2လေးပေါ်ပေါက်လာခဲ့တာပါပဲ။
လူ့လောကထဲမှာတော့ အာဏာ ၊ ပါဝါဆိုတာ ဒုတိယဘုရားသခင်ဖြစ်ပေမဲ့ သေဆုံးခဲ့ပြီးသံသရာမှာတော့ ကိုယ်အသက်ရှင်စဉ်မှာလုပ်ခဲ့တဲ့အရာတွေကဟာ ကိုယ့်ထံပြန်လာတတ်ကြောင်း ၊ ဝဋ်ဆိုတာ လည်တတ်ကြောင်း အသိပေးရင်း နှုတ်ဆက်ခဲ့ပါတယ်။
![](https://img.wattpad.com/cover/322158395-288-k494562.jpg)
VOCÊ ESTÁ LENDO
Tale of the Moonlight 𐤀 [Completed]
TerrorUnicode & Zawgyi "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." Tale of the Moonlight Once upon a time's Jeon (Season 2) "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." This story Including violence scenes...