နှောင်ဖွဲ့မှုတွေက အချက်ပြတတ်ကြတယ်။ သတ်မှတ်ထားခဲ့တဲ့အရာတွေကလည်း နည်းလမ်းပေါင်းစုံနဲ့ဖန်တီးကြလိမ့်မယ်။
ကာကွယ်ပေးမှာပါ အသက်ငယ်။ ကိုယ့်အမုန်းအာဂါတတွေကိုစွန့်လွှတ်ပြီးတဲ့အထိချစ်ခဲ့တာမို့ ဒီတစ်ခါမှာလည်းကျိန်းသေပေါက်ခွင့်လွှတ်ရင်း ကာကွယ်ပေးဦးမှာပါ။
Tale of the Moonlight
"ကိုကိုဘာလုပ်နေတာလဲ လာလေ"
ထယ်ယောင်းရေမိုးချိုးပြီးအောက်ဆင်းလာတော့ ခုနစ်နာရီခွဲလေပြီ။ သူအောက်ရောက်ရောက်ချင်းတင် ခြံထဲမှာဟိုကလေးလေးကသစ်ရွက်တွေကျုံးနေသည်။
"အာ ဘာမှမလုပ်ပါဘူး လာပြီ"
"ကိုကိုကတအားလှတာပဲနော်"
"အမ်"
"ဟုတ်တယ် ကိုကိုကတအားလှတာ သားမြင်ဖူးသမျှထဲမှာ ကိုကိုကအလှဆုံးပဲ ဟိုဘက်အိမ်ကကိုပုတ်နဲ့များကွာပါ့"
"အာ...အဲ့တာက..."
"ကိုကိုက မိန်းကလေးမဟုတ်တာသေချာပါတယ်နော်"
ထယ်ယောင်းနားထင်၌ချွေးစတွေစို့လာသည်။ ဒီစကားတွေက ဘာဖြစ်လို့အိပ်မက်ထဲကနဲ့တစ်ထပ်တည်းတူနေရတာလဲ။
"မ...မဟုတ်ပါဘူး မိန်းကလေး"
"ဟင်း ဒါမဲ့ဘာလို့အဲ့လောက်တောင်လှရတာလဲ အာ ဖွားဖွားရေ! ကိုကိုနိုးလာပြီနော်"
"အေး အေး"
နောက်ဖေးကနေပြန်ထွက်လာတဲ့အဖွားရဲ့အသံနောက်မှာ ထယ်ယောင်းကြက်သီးတွေတဖြန်းဖြန်းထလာသည်။ နားထဲပြန်ကြားလိုက်ရသလိုမျိုး ၊ အိပ်မက်ဆိုတဲ့အရာကြီးကသူ့ကို့ခြောက်လှန့်သွားသလိုမျိုး။
"မြေးလေးရေ! ကိုကို့ကိုခေါ်လာခဲ့တော့ မနက်စာစားလို့ရပြီ"
"ဟုတ် ဖွားဖွား! ကိုကိုလာ မနက်စာစားလို့ရပြီတဲ့"
"ခ...ခဏလေး ကိုကိုမစားတော့ဘူး"
"ဂျာ"
သူ့လက်ကိုဆွဲပြီး ကလေးလေးကအိမ်ထဲပြေးဝင်တော့မည်မို့ ထယ်ယောင်းလက်ကိုရုတ်ကာ တားလိုက်မိသည်။ ဘာကြောင့်မှန်းမသိသူ့ရင်တွေတုန်နေတာက လောလောလတ်လတ်အိပ်မက်ကြောင့်ပဲဖြစ်နိုင်ပါစေ။
![](https://img.wattpad.com/cover/322158395-288-k494562.jpg)
VOUS LISEZ
Tale of the Moonlight 𐤀 [Completed]
HorreurUnicode & Zawgyi "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." Tale of the Moonlight Once upon a time's Jeon (Season 2) "ထားရစ်ခဲ့တဲ့ပြတင်းပေါက်နားကကော်ဖီခွက်လေးတစ်ခွက်လည်း အေးစက်ရင်း...." This story Including violence scenes...