သီရိသူမဘယ်လောက်အချိန်ကြာအောင်အိပ်လိုက်လဲသူမ မသိပေ သူမအိပ်ယာပေါ်ကိုထထိုင်လိုက်ပြီး အိပ်ချင်မူးတူးနှင့်မျက်လုံးကိုအားယူပြီးဖြေးဖြေးချင်းဖွင့်လိုက်လေသည်။
သူမမျက်လုံးကိုသုံးလေးခေါက်လောက်ဖွင့်လိုက်ပိတ်လိုက်နဲ့လုပ်ပြီးနောက်ရှေ့ကမြင်ကွင်းကြောင့် အိပ်ချင်စိတ်ပါပျောက်သွားရတော့သည်။
"အမေရေ... ဒါဘယ်နေရာလဲ"
သူမအခုရှိနေတဲ့အခန်းကသူမနှင့်လုံးဝမရင်းနီး အသုံးဆောင်တွေအခန်းဝင်ပစ္စည်းတွေကလဲလုံးဝအကောင်းစားတွေဖြစ်ပြီး သူမကိုယ်ကညအိပ်ဝတ်ဆုံကလဲသူမလုံးဝဝယ်လို့မတတ်နိုင်တဲ့အမျိုးစားထဲမှာပါဝင်နေသည်။
သူအမြန်ပဲထရပ်လိုက်ပြီး ခေါင်းထဲဘာမှမတွေးနိုင်တော့ပဲ
"ဒါ..ဒါ ငါပြန်ပေးဆွဲခံရတာလား မဟုတ်သေးဘူး ပြန်ပေးဆွဲခံရရင်တောင် ဒီလိုအိပ်ခန်းအကောင်းစားကြီးပိုင်တဲ့သူက ငါ့လိုငမွဲကိုပြန်ပေးဆွဲမလား ."လို့ပြောရင်း ပြတင်ပေါက်ရှိရာဘက်သို့သွားကာ ပြတင်းပေါက်က လိုက်ကာများကိုဖွင့်ပြီးအပြင်ကိုအကဲခက်လိုက်တော့သည်။
သူမအပြင်ကိုမြင်တော့ ယခုသူမရှိနေတဲ့နေရာကအပေည်ထပ်ဖြစ်ပြီး အောက်တွင်ခြံဝန်းအကြယ်ကြီးရှိပြီးခြံထဲတွင်လဲ ပန်းပင်များနဲ့သစ်ပင်များစိုက်ထားပြီးသေသေ သပ်သပ်ရှိလှသည်။
သီရိစဉ်းစားမိလိုက်သည် ဒီလိုခြံဝန်းမျိုးသူမမြင်ဖူးသည် ဒါပေမဲ့လဲ သူမတစ်ဘဝလုံး ဒီလောက်ခန်းနားတဲ့နေရာမျိုးကိုတစ်ခါမှမရောက်ဖူးတာသေချာလှသည်။
'ဒေါက်.. ဒေါက် '
သီရိ တခါးခေါက်သွကြား၍လှည့်ကြည့်လိုက်ပြီး အခန်းတခါးနားဖြေးဖြေးချင်လျှောက်သွားလိုက်ပြီးတခါးနားရောက်တော့သူမ ဖွင့်ပေးရမလား မဖွင့်ပေးရမလားမသဲကွဲပေ သူမစဉ်းစားလို့မပြီးသေ အခန်းအပြင်ဘက်မှ မိန်းကလေးအသံတစ်သံထွက်ပေါ်လာကာ
"မမလေး သခင်ကြီးထမင်းစားဝိုင်းမှာမနက်စာစားဖို့စောင့်နေပါပြီမမလေးကိုလာခေါ်ခိုင်းလိုက်လို့ပါ"
YOU ARE READING
ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်
FanfictionBlကော normalပါနှစ်မျိုးလုံးပါမဲ့အမျိုးစားလေးမို့အားပေးကြပါအုံးနော်