"အင်းး"
ထူးမြတ်ခန္ဓာကိုယ်တစ်လျှောက်နာကျင်မူ့နဲ့အတူနိုးထလာပြီး သူရှိနေတဲ့နေရာကမတူတော့သလိုခံစားလိုက်ရသည်။
အရင်ရက်တွေကအေးစက်ပြီးမှောင်မဲတဲ့အခန်းရဲ့ကြမ်းပြင်ပေါ်မှာ ရှိနေပြီးအခုထူးဆန်းစွာနူးညံ့တဲ့အိပ်ယာခင်းပေါ်တွင်ရောက်ရှိနေသည်။
ထူးမြတ်အခန်းကမှောင်နေသောကြောင့်ထပြီးဘေးဘီကိုစူးဆန်းဖို့လုပ်ပေမဲ့ခန္ဓာကိုယ်ကနာကျင်မူ့ဒါဏ်တွေကြောင့် အိပ်ယာပေါ်ပြန်လဲကျသွားတော့သည်။
ထူးမြတ်သူ့ကိုယ်သူမုန်းမိသည် ငယ်ငယ်ထဲကသူကယောက်ျားလေးဖြစ်ပါရဲ့နဲ့အရမ်းအားနည်းလွန်းပြီးအရမ်းပျော့ညံ့သည် အခုလဲသူကိုယ်သူကယ်တင်ဖို့တောင်သူမတတ်နိုင်ပေ
ဘယ်နေရာမှလဲအသုံးမကျပေ သူသာနည်းနည်းသန်မာပြီးယောက်ျားဆန်ခဲ့ရင် သူ့အမေကိုကူညီနိုင်ပြီး သူ့အမေရဲ့ပင်ပန်းမူ့များကိုလဲသက်သာအောင်လုပ်ပေးနိုင်ခဲ့မည်ဖြစ်သည်။
သူတစ်ယောက်ထဲကြောင့် သူအမေကိုမနိုင်ဝန်ထမ်းစေကာ ဆုံးရှုံးလိုက်ရပြီဖြစ်သည် သူသာနည်းနည်းလေးသန်မာမယ်ဆိုရင် မိဘဆုံဆုံလင်လင်နဲ့ပျော်ရွှင်တဲ့မိသားစုမျိုးရနိုင်မလား....?
ထူးမြတ်အတွေးထဲနှစ်မျောနေချိန် အခန်းမီးများလင်းထိန်းသွပြီး အခန်းဝတွင်လူတစ်ယောက် တခါးဘောင်ကိုမှီကာလက်ပိုက်၍သူ့အားကြည့်နေတာမြင်လိုက်ရတော့သည် အခန်းမီစရုပ်တရပ်လင်းထိန်သွားသောကြောင့် ထူးမြတ်မျက်လုံးများအလင်းရောင်နဲ့အသားမကျသေးပဲ
ထိုလူမျက်နှာကိုသေချာမမြင်နိုင်သေး သို့ပေမဲ့ထိုလူကသူ့ကိုစူးရှတဲ့အကြည့်နဲ့စိုက်ကြည့်နေတာသူခံစားမိသည်။
ထို့နောက်ခနအကြာတွင်ထူးမြတ်အလင်းရောင်နှင့်အသားကျသွားပြီးထိုလူမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ထူးမြတ်အိပ်ယာပေါ်မှနာကျင်မူ့ကိုမမူပဲကုန်းထလိုက်ကာ သူရဲ့အားနည်းနေသည့်အသံဖြင့်
"ခင်ဗျားဘယ်သူလဲ ကျွန်တော်ကိုဘာလို့ဒီကိုခေါ်လာတာလဲ
ခင်ဗျားတို့မေးတာတွေကျွန်တော်ဘာမှမသိဘူး ကျွန်တော်အိမ်ပြန်ချင်တယ်"
YOU ARE READING
ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်
FanfictionBlကော normalပါနှစ်မျိုးလုံးပါမဲ့အမျိုးစားလေးမို့အားပေးကြပါအုံးနော်