Ep-17(Z-U)

130 11 4
                                    

သီရိသူမရဲ့အလုပ်ခွင်ထဲမှာဖြစ်သန်းနေရတဲ့နေရက်များက သာယာပြီး ပျော်ရွှင်ဖွယ်ကောင်းနေသည်။ အဖြတ်သမားတွေကိုထည့်မတွတ်ရင်ပေါ့

အလုပ်ခွင်မှာတခြားသူများနဲ့လိုက်လျှောညီထွေဖြစ်နေသော်လဲ အရင်၂ရက်ကသူမနဲ့ပြဿနာဖြစ်ထားတဲ့မိန်ကလေးများကတော့သူမကိုနှောက်ယှက်နေဆဲ ဒါပေမဲ့သူမကတော့သူတို့ကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်ပေ

အလုပ်တွေနဲ့တင်ခေါင်းစားတာလုံလောက်ပြီဖြစ်ပြီး သူတို့နဲ့ရန်ပြိုင်ဖြစ်ဖို့လဲမအားပေ ပြီးတော့ဒါကသူမအတွက်အကျိုးမရှိပေ

သီရိသူမလက်ထဲကစာရွက်တွေကိုညီညာစွာစီလိုက်ရင်း ဖိုင်ထဲသေချာထည့်သိမ်းကာ သူမလက်ကိုင်အိပ်ကိုယူပြီး ထွက်သွားဖို့ပြင်သည်။

ထိုအချိန်ဆောင်းဝတ်ရည်မှသူမရှေ့ရောက်လာပြီး
"သွားတော့မလို့လား ဘယ်သူမတောင်အလုပ်မဆင်းသေးဘူး ကုမ္ပဏီကိုနင့်အိမ်များထင်နေလား လာချင်တိုင်းလာသွားချင်တိုင်းသွား"

သီရိသူမသက်ပျင်းချလိုက်ကာ
"လုပ်ငန်းနဲ့ပူးပေါင်းထားတဲ့ရှယ်ယာရှင်အသစ်ကို ဒီဇိုင်းတွေသွားပြမလို့ သေချာမသိရင်ဝင်လျှာမရှည်နဲ့ ကိုယ့်မျက်နှာကိုယ်ဖြတ်ရိုက်သလိုပဲဖြစ်လိမ့်မယ်"

သီရိပြောပြီးပြီခြင်းအမြန်ပင်ထွက်လာလိုက်သည် အနောက်မှာဆောင်းဝတ်ရည်ဘယ်လိုဖြစ်ကျန်ခဲ့တယ်ကိုပင်သူမဂရုမစိုက်ပေ

သီရိ ကုမ္ပဏီမှစီစဉ်ပေးတဲ့ကားပေါ်သို့တတ်လိုက်ပြီး သူမရဲ့ဦးတည်ရာကိုပဲအာယုံစိုက်လိုက်သည်။

ကားပေါ်ရှိနေတဲ့အချိန်တွင်းသူမအပြင်ပန်းမှာတည်ညိမ်ပင်မဲ့သူမ၏အတွင်းစိတ်ကတော့
(ငါဒီလိုသဘောတူစာချုပ်ချုပ်ဖို့တခါမှမသွားဖူးဘူး အခုငါ့လက်ထဲက ဒီဇိုင်းတွေကိုကောသူကြိုက်ပါ့မလား ကြိုက်လောက်ပါတယ် အဖေနဲ့စကားပြောနေတုန်းကတောင်ချောချောမွေ့မွေ့ပဲကို သူကအရမ်းတော့လက်ပေါက်မကပ်လောက်ပါဘူး စိတ်အေးအေးထား ငါလုပ်နိုင်တယ် လုပ်နိုင်တယ်)

သီရိအတွေးများယောက်ယပ်ခက်နေပြီးသူမဦးတည်တဲ့နေရာကိုရောက်​နေမှန်းတောင်မသိပဲ ကားဆရာကသတိ​ပေးမှ သူမအတွေးကမ္ဘာထဲကထွက်လိုက်ပြီး ကားမှန်ကနေ အပြင်ကိုငေးကြည့်လိုက်သည်။

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now