သေသပ်လှပစွာပြင်ဆင်ထားသောခန်းမဆောင်ထဲတွင်ဂုဏ်သရေရှိလူအများပြားရောက်ရှိနေပြီး ရင်းနီးသူများကတီးတိုးစကားပြောနေပြီး ခန်းမဆောင်ကစည်ကားလျှက်ရှိနေကာ
လူအများပြားက စည်းပွားရေးအကြောင်းများပြောဆိုနေကြပြီးသီရိကတော့ခန်းမရဲ့တစ်နေရာတွင်ရပ်နေကာ သူမခန်းမအတွင်းသို့ဝေ့ဝိုက်ကြည့်နေပြီး ထူးမြတ်ကတော့သူ့ဘေးကမခွာပဲသီရိနားမှယောင်လည်လည်နှင့်ပင် သီရိထူးမြတ်ကိုကြည့်လိုက်ပြီး ပြုံးကာ
"စိတ်လှုပ်ရှားနေတာလား"ထူးမြတ်သီရိကိုမျက်နှာငယ်လေးနဲ့ပြန်ကြည့်ပြီး
"ကျွန်တော်နည်းနည်းကြောက်တယ် လူတွေအများကြီးပဲ တစ်ခုခုအမှားလုပ်မိမှာစိတ်ပူနေတယ်"သီရိနူးညံစွာပဲပြုံးကာ
"မဆိုးရိန်ပါနဲ့ အဆင်ပြေသွားမှာပါ"ထိအချိန်ပဲသူမတို့နားကိုအမျိုးသားနှစ်ယောက်လျှောက်လှမ်းလာပြီး ထိုအမျိုးသားများကတခြားလူမဟုတ် ဘုန်းရန်နိုင်နှင့်သူရပင် သူတို့နှစ်ယောက်ပုခုံးချင်းယှဉ်လျှောက်လာသည်မှာ
အလွန်ခန့်ညားလှပြီး ပုံပြင်ထဲကချောမောခန့်ညားတဲ့မင်းသားလေးတွေအပြင်ကမ္ဘာသို့ရောက်ရှိလာသလားလို့ပင်ထင်မှတ်ရပြီး နှစ်ယောက်လုံးတစ်ယောက်တစ်မျိုးဆီတောက်ပနေကာ သူတို့ကိုမြင်တဲ့သီရိကတော့ ပြုံးသာပြုံးရင်း(ဘာလို့ဒီလောက်တောင်ကိုယ်ယောင်ကိုယ်ဝါတွေထွက်နေရတာလဲ ကန်းပါပြီငါ့မျက်လုံးတွေ)
ဘုန်းရန်နိုင်သီရိနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး သူရကလဲထူးမြတ်ရှေ့တွင်ရပ်လိုက်ကာ
"ကောင်လေးငါနဲ့လိုက်ခဲ့"
ထူးမြတ်သီရိကိုကြည့်လိုက်ပြီး သီရိကထူးမြတ်အကြည့်ကိုမြင်တော့သူရအား"ထူးထူးကဒီလိုပွဲမျိုးတွေနဲ့မရင်းနီးဘူး ကျွန်မအနားမှာနေတာသူအတွက်ပိုအဆင်ပြေမယ်ထင်တယ် ကိုသူရ"
ဘုန်းရန်နိုင်ကထူးမြတ်အားတစ်ချက်ဝေ့ကြည့်လိုက်ပြီး
(ဒီကလေးကဟိုနေ့ကကလေးပဲသီရိရဲ့မောင်လား ငါ့ကိုမှတ်မိပုံမရဘူးတစ်မျိုးကောင်းတာပဲ)
YOU ARE READING
ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်
FanfictionBlကော normalပါနှစ်မျိုးလုံးပါမဲ့အမျိုးစားလေးမို့အားပေးကြပါအုံးနော်