Ep- 11(Z-U)

185 11 1
                                    

သီရိထမင်းစားဝိုင်းတွင် ထမင်းစားနေရင်း အစားစာများကသူပါးစပ်ထဲဝင်သွားပေမဲ့ဘာကိုမှခံတွင်းမတွေ့ ထူးမြတ်ကြောင့်စိတ်သောကရောက်နေတာကြောင့်ပဲလားမသိ အိမ်ကလဲတဖြေးဖြေးပိုမိုတိတ်ဆိတ်လာပြီး ခြောက်ကပ်ကပ်ကြီးဖြစ်နေပြီး အိမ်ကသူအကုန်လုံးလဲထိုင်းမှိုင်းနေကြသည်။

အားလုံးထဲမှာမှဦးထွန်းမြတ်နဲ့သီရီရိကစိတ်အသောကအရောက်ရဆုံးသူတွေဖြစ်နေတော့သည် သို့သော်သီရိ သူမကိုယ်သူမစိတ်မပူမိ ဦးထွန်းမြတ်ကိုသာပူပန်နေရသည်။

သူမကငယ်ရွယ်သူမို့ကျန်းမာရေးကိုဆိုးရိန်ဖို့မလို ဒါပေမဲ့ဦးထွန်းမြတ်ကအသက်ရလာပြီဖြစ်သည်။

သူမတို့အချိန်တစ်ခုထိထမင်းဝိုင်းတွင်တိတ်ဆိတ်စွာထမင်းစားနေပြီးနောက် ဦးထွန်းမြတ်ကစကားစလိုက်ပြီး

"မနက်ဖြန်ကစ သမီးအိမ်မှာပဲစရင်းတွေလုပ်ဖို့မလိုတော့ဘူး
ကုမ္ပဏီမှာအဖေရဲ့အတွင်းရေးမူးအနေနဲ့အလုပ်စလုပ်တော့"

"အတွင်းရေးမူး...ကောင်းပါ့မလား စဝင်ဝင်ချင်းအတွင်းရေးမူးအနေနဲ့ဆိုရင် မကျေနပ်တဲ့သူတွေများလိမ့်မယ်ထင်တယ်"

"အဖေကတော့ရာထူးငယ်နေတယ်လို့တောင်ထင်နေတာ သမီးကို ဒုဥက္ကဠနေရာကိုစီစဉ်ပေးချင်နေတာ"

သီရိအနည်းငယ်မှင်သက်သွားပြီး
"ရှယ်ယာရှင်တွေကသဘောတူမယ်မထင်ဘူး"

ဦးထွန်းမြတ်အသာရယ်လိုက်၍
"သူတို့သဘောတူတူမတူတူဘာအရေးလဲ ကုမ္ပဏီကရှယ်ယာအများစုက သမီးပိုင်နေတာပဲ"

သီရိခနလောက်ရပ်တန့်သွားပြီး တွေဝေစွာ
"အဖေ ထူးထူးပျောက်သွားတာသမီးကြောင့်လို့မထင်မိဘူးလား"

ဦးထွန်းမြတ်ကမဆိုင်းမတွန့်ပဲသီရိရဲ့အမေးအား
"ဘာလို့အဖေက သမီးကိုသံတရဝင်ရမှာလဲ ပြန်စဉ်းစားကြည့်ရင် အိမ်မှာထူးထူးခင်တွယ်ရဆုံးကသမီးပဲလေ အဖေအလုပ်တွေနဲ့မအားလတ်ဖြစ်နေချိန်ထူးထူးကိုအဖေ့ကိုယ်စားဂရုစိုက်ပေးခဲ့တာလဲသမီးပဲ ဒါတွေအားလုံးအဖေမမြင်နိုင်ဘူးလို့သမီးထင်နေလား"

"ဒါပေမဲ့ သမီးကသံတရဖြစ်ဖို့အကောင်းဆုံးသူပဲလေ သမီးကအဖေနဲ့သွေးသားမတော်စပ်ဘူး အစကကိစ္စကြီးမဟုတ်ပင်မဲ့ထူးထူးရောက်လာတော့ပြောင်းလဲကောင်းပြောင်းလဲနိုင်တာပဲလေ အကုန်လုံးကပါးစပ်ကနေထုပ်မပြောပေမဲ့ သမီးကိုပဲတရားခံလိုဝိုင်းကြည့်နေကြတာ သမီးမသိပဲနေပါ့မလား"

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now